Home
အနုပညာ
မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ၁ သောင်းကျပ်ဖြင့် အွန်လိုင်း၌ ကြည့်ရှုနိုင်
DVB
·
December 13, 2022

CDM အရာရှိတစ်ဦးအကြောင်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထားတဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း ၂၀ကျော်မှာ ပြသထားခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၂၅ ရက်မှာ အွန်လိုင်းမှ ကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။

QR ကုတ်ပါတဲ့ ရုပ်ရှင်လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၁ သောင်းသတ်မှတ်ထားပြီး အဆိုပါ QR ကုတ်နဲ့ ရုပ်ရှင်ပြသမယ့် ဝက်ဆိုဒ်ထဲကို ဝင်ရောက်ပြီး လျှို့ဝှက်နံပါတ် ၆ လုံးရိုက်ထည့်ကာ ကြည့်ရှုရမှာဖြစ်ပါတယ်။ 

အဆိုပါရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာ ကိုပေါက်ကလည်း ရုပ်ရှင်ကို အွန်လိုင်းက ကြည့်လို့ရပြီဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။

လက်ရှိမှာ လက်မှတ်ကို အွန်လိုင်း တရားဝင်အေးဂျင့်တွေကနေတဆင့် မိမိနေထိုင်ရာ နိုင်ငံဒေသလိုက်ပြီး အဆင်ပြေသလို ဝယ်ယူနိုင်ကြောင်းနဲ့ ရုပ်ရှင်လက်မှတ်ကို အွန်လိုင်းက ဝယ်ယူသူတွေ များပြားနေကြောင်း တရားဝင်လက်မှတ်အရောင်းအေးဂျင့်က ပြောပါတယ်။

“ဟုတ်ပါတယ်၊ လက်မှတ်ကို အွန်လိုင်းက ဝယ်တဲ့သူတွေ အရမ်းများနေပါတယ်။ လက်မှတ်ကိုတော့ ရုပ်ရှင်ပြမယ့် ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ဝယ်လို့ရပါတယ်။” 

အဆိုပါ ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာ ၂၅ ရက် မနက် ၆ နာရီအချိန်မှ စတင်ကြည့်ရှုလို့ရမှာဖြစ်ပြီး စတင်ပြီး ၄၈ နာရီအကြာမှာ အလိုအလျောက်ပိတ်သွားမယ်လို့လည်း မသောက်မိသောမိုးခါးရေ ပေ့ချ်မှာ ကြေညာထားပါတယ်။

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို အိုင်ဖုန်းတလုံးတည်းနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး တော်လှန်ရေးမှာ အမှန်တကယ်ပါဝင်နေတဲ့ ရဲဘော်တွေကိုယ်တိုင် သရုပ်ဆောင်ထားကြောင်းနဲ့ ရုပ်ရှင်ပြသရာမှာ ရရှိလာတဲ့ ကျပ်သိန်း ၄၆၀၀ ကို ပထမဆုံးအကြိမ်အဖြစ် တော်လှန်ရေးအဖွဲ့တွေထဲ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024