DVB Logo
Home
မြန်မာသတင်း
တရုတ်ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းအောင်မြင်စေမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌပြော
DVB
·
December 12, 2022
တရုတ်ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းအောင်မြင်စေမည်ဟု စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌပြော
Donate to DVB

တရုတ်အစိုးရပိုင် Bank of China (Hong Kong) နဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းပြီး အောင်မြင်မှုတွေ ရရှိစေလိမ့်မယ်လို့  စစ်ကောင်စီလက်အောက်ခံ  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

Bank of China (Hong Kong)နဲ့ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး စတင်ပေးအပ်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့  Lotte Hotel ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာပြောကြားခဲ့တာပါ။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တရုတ်အစိုးရပိုင် Bank of China ဘဏ်အနေနဲ့ မြန်မာဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သာမက ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း ပံ့ပိုးလုပ်ဆောင်ပေးနေတာတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အဓွန့်ရှည်တည်တံစေဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းကာ အောင်မြင်မှုတွေ ရရှိစေမယ်လို့ပြောဆိုခဲ့တာပါ။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်ကလည်း မြန်မာနိုင်ငံဟာ အသွင်းကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ကာလမှာ ရှိနေပြီး နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး တိုးတက်မှုအတွက် လူကောင်းတွေနဲ့ ထူးချွန်သူတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်အခြေအနေမှာတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်အစိုးရပိုင် Bank of China တို့ရဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဟာ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်တယ်လို့ သုတွေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးတွေကတော့ သူတို့ကို ဒဏ်ခတ် ပိတ်ဆို့ထားကြတာလေ။ ဒါကြောင့်ပဲ စစ်ကောင်စီက စီးပွားရေးအရ အကျပ်အတည်းတွေ ရှိလာတော့ ထုံးစံအတိုင်း သူတို့က ထွက်ပေါက် ရှာကြတာပါ။ ဒီနေရာမှာ တခြားနိုင်ငံတွေနဲ့ လုပ်လို့ မရတဲ့အခါ သူတို့နုဲ့တွဲလုပ်လို့ရတဲ့ တရုတ်နဲ့ ပဲဖြစ်ဖြစ် ရုရှားနဲ့ပဲဖြစ်ဖြစ် ဒါမျိုးနဲ့ သူတို့ တွဲလုပ်ပြီး ထွက်ပေါက်ရှာတာပေါ့။ နိုင်ငံတကာကတော့ ထုံးစံအတိုင်းပဲလေ။ နိုင်ငံတကာဆိုတာ အများစုပေါ့နော်၊ သူတို့နဲ့ တွဲမလုပ်ချင်လို့ စီးပွားရေးတောင် ပိတ်ဆို့မှုတွေ လုပ်ထားကြတာ။ ဒါပေမဲ့ အာဏာရှင်နဲ့ပေါင်းပြီး ရိုက်တဲ့ နိုင်ငံတွေကတော့ ရှိစမြဲပဲလေ။ အဲ့လိုတိုင်းပြည်တွေကတော့ သူတို့နဲ့ ချိတ်ဆက်ပြီး ကိုယ်ကျိုးစီးပွားအတွက် လုပ်ကြမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ကုန်သွယ်မှုမှာ ပေးချေရတဲ့ အမေရိကန် ဒေါ်လာငွေကြေးကို လျှော့ချအသုံးပြုနိုင်ဖို့အတွက် နည်းလမ်းရှာနေပေမဲ့ ပြဿနာက လွယ်ကူတဲ့ ဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။

ကုန်သွယ်မှုနဲ့ငွေကြေးဆိုင်ရာလေ့လာသူ သုတေသီတဦးက “တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ကို သုံးမယ်။ ထိုင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘတ် ကိုသုံးမယ်ပေါ့။ အိုကေ ရတယ် ကောင်းပြီ။ ဒါပေမဲ့ ပြဿနာက အဲဒီနိုင်ငံတွေ ဟာ နိုင်ငံတကာနဲ့ ကုန်သွယ်မှုလုပ်တဲ့အခါ ဘယ်ငွေကြေးကို အဓိက သုံးနေရလဲဆိုတာ သိဖို့ လိုပါတယ်။ ပြီးတော့ ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲဆိုတာ သိဖို့ လိုပါတယ်။ ဒီကနေ့အထိ ဒေါ်လာကို ဘယ်ငွေကြေးမှ မယှဉ်နိုင်သေးပါဘူး။ ဒီတော့ စစ်ကောင်စီက နိုင်ငံတကာမှာလက်ခံပြီး သုံးစွဲနေတဲ့ ငွေကြေးကို မသုံးစွဲဘဲနဲ့ ကိုယ်သုံးချင်တဲ့ ငွေကြေးနဲ့ သုံးမယ် ဆိုရင် ကုန်သွယ်ရေးမှာ နိုင်ငံတကာနဲ့ အပေးအယူ လုပ်လို့မရပါဘူး။ ဆိုတော့ ဒီပြဿနာကို သူ ဘယ်လောက်အထိ ကုစားနိုင်မလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်အစိုးရပိုင် Bank of China ဘဏ်ဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဘဏ်လုပ်ငန်းလိုင်စင် ရရှိခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါဘဏ်ဟာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်မှုမှာ ယွမ် နဲ့ ကျပ် တိုက်ရိုက်အသုံးပြုကာ ငွေပေးငွေယူကိစ္စတွေကို မြန်မာ့စီးပွားရးဘဏ်နဲ့ ချိတ်ဆက် အသုံးပြုခွင့် ရရှိလာပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ  ရုရှားနိုင်ငံဗဟိုဘဏ်နဲ့ နှစ်နိုင်ငံ ဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နေပြည်တော်မှာ ဒီဇင်ဘာ ၅ရက် က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ပြီး ရုရှားနိုင်ငံသုံး ရူဘယ်နဲ့ ကျပ်ငွေအား တိုက်ရိုက်အသုံးပြုနိုင်ဖို့ စီစဉ်နေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013