DVB Logo
Home
မြန်မာသတင်း
အိုးအိမ်ဖျက်ဆီးခံ ပြည်သူများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမည်ဟု NUG ကြေညာ
DVB
·
December 11, 2022
အိုးအိမ်ဖျက်ဆီးခံ ပြည်သူများအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမည်ဟု NUG ကြေညာ
1 / 2
Donate to DVB

စစ်ကောင်စီက အပြစ်မဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးနေတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ သတိပေးလိုက်ပြီး ပြည်သူတဦးချင်းစီအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးသွားမယ်လို့ ကြေညာပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုး  လုယူပြီးနောက် ကျေးလက်နေ ပြည်သူပိုင်နေအိမ်တွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေရုံသာမက၊ မြို့ပြနေ ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ အတင်းအဓမ္မ ဖျက်ဆီးကာ မြို့ပြမြေယာတွေကို အဓမ္မလုယက်နေတယ်လို့ NUG က  ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန် ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် မြို့ကြီးတချို့မှာ အကြမ်းဖက်စစ်အုပ်စုက မြို့ပြနေ အခြေခံလူတန်းစားတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖြိုဖျက်ကာ မြေယာလုယက်မှု တွေ ကျူးလွန်နေရာမှာ မင်္ဂလာဒုံမြို့နယ် ရပ်ကွက် ၅ ခုက အိမ်ခြေပေါင်း ၁၀,၀၀၀ ကျော်၊ လူဦးရေ ၅၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သလို မရမ်းကုန်းမြို့နယ်မှာလည်း အိမ်ထောင်စုပေါင်း ၁၀၀ ကျော်၊ မန္တလေးမြို့မှာ အိမ်ထောင်စုပေါင်းများစွာကို အိမ်မဲ့ရာမဲ့ဘ၀ကို ရောက်စေခဲ့တယ်လို့ NUG အစိုးရက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်ရုံသာမက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေပါ လူတိုင်း လုံလောက်သော အိမ်ရာ၊ စားနပ်ရိက္ခာနဲ့ အခြေခံ ဝန်ဆောင်မှုများ ရရှိခွင့်ကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ စစ်ဘေးရှောင်ကာ လူအစုအလိုက်အပြုံလိုက် ရွေ့ပြောင်းစေတာတွေနဲ့ ကျေးလက်နေပြည်သူတွေကို တော်လှန်ရေးနဲ့ ကင်းကွာစေဖို့ အကြောက်တရားနဲ့ ခြိမ်းခြောက် ကျူးလွန်နေသလို မြို့ပြနေ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးခြင်းဖြင့် မြို့ပြတွေကို ပိုမိုကျပ်တည်းခက်ခဲစေကာ ပြည်သူ့တော်လှန်ရေးအပေါ် အားပျော့လာစေဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ NUG အစိုး ရက ပြောပါတယ်။

ဒါကြောင့်မို့ စစ်ကောင်စီနဲ့ လက်အောက်က စည်ပင်သာယာရေးကော်မတီအပါအဝင် ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ အပေါင်းပါတွေအနေနဲ့ ခုလို မြို့ပြနေပြည်သူလူထုရဲ့ နေအိမ်တွေကို အတင်း အဓမ္မဖျက်ဆီးတာ၊ မြေယာတွေကို လုယက်တာတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ ပြည်သူလူထုရဲ့ နေအိမ်တွေ ဖျက်ဆီးတာတွေကို ဆက်လက်မပြုလုပ်ကြဖို့ NUG အစိုးရက ပြင်းထန်စွာသတိပေး တားမြစ်တယ်လို့ဆိုပါ။

ဒီတားမြစ်ချက်ကို မလိုက်နာဘဲ ဆက်လက်ကျူးလွန်နေပါက ပါဝင်ပတ်သက်သူတွေ၊ အဖွဲ့အစည်းတွေကို ထိရောက်စွာအရေးယူသွားမှာဖြစ်ပြီးတော့ နစ်နာဆုံးရှုံးခဲ့တဲ့ ပြည်သူတဦးချင်းစီအတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်တွေကို မဖြစ်မနေအာမခံဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ စစ်အုပ်စုကို ဘယ်လို အရေးယူမယ်၊  နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက် တရားမျှတမှုရရှိစေဖို့  ဘယ်အချိန်မှာ ဘယ်လောက် ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်ဆိုတာကိုတော့  မသိရသေးပါဘူး။ 

လတ်တလော အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013