Thursday, June 8, 2023
HomeLead Storyကောလင်းမြို့နယ်တွင် ရွာသား ၆ ဦး အသတ်ခံရ

ကောလင်းမြို့နယ်တွင် ရွာသား ၆ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကျွန်းလှခုံရွာမှာ  ဒီဇင်ဘာ ၉ ရက် ည ၉ နာရီက လူငယ် ၆ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောကြားလိုက်ပြီး စစ်ကောင်စီဘက်ကတော့ PDF တွေက သတ်ဖြတ်ခဲ့တာလို့ သတင်းဖြန့်နေပါတယ်။

ကျွန်းလှခုံရွာမှာ မူးယစ်ဆေးရောင်းဝယ်သူထံကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က လိုင်းကြေးငွေတောင်းနေစဉ် အိမ်ရှေ့က ဖြတ်သွားသူ  ၃ ယောက်ကို ခေါ်ကာ လက်ကိုင်ဖုန်းကို စစ်ဆေးပြီး ရဲစခန်းကို ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနောက် ည ၉ နာရီမှာ ဖမ်းဆီးသွားသူ ၃ ယောက်ကို ဝါးရုံးတုံးလမ်းပေါ်ထုတ်ကာ သတ်ဖြတ်နေချိန် နောက်ထပ်လူ ၃ ယောက်ကို မြင်တွေ့ပြီး ထပ်မံဖမ်းဆီးကာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသား တဦးက “သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ် ၃ ယောက်က အသက် ၂၅ နှစ် ၂၉ နှစ်အရွယ်တွေ ကိုဂါတ်ပို၊ ကိုတွတ်ပီ၊ ကိုလုံးကွေ ဝါးရုံးတုံးရွာသားတွေ”လို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူ ကိုတွတ်ပီဆိုသူဟာ အရင်က ကွမ်းယာဆိုင်ဖွင့်ထားသူဖြစ်ပြီး ခေါင်းဖြတ်သတ် ခံရသူ ၃ ယောက်ရဲ့ နာမည်နဲ့ အသက်အရွယ်ကိုတော့ မသိရှိရသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်တွေမှာတော့ အသတ်ခံရသူ ၆ ယောက်ကို PDF အဖွဲ့သတ်ဖြတ်တာလို့ ရေးသားဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular