Home
သတင်းဓာတ်ပုံ
“လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့"ကြွေးကြော်သံဖြင့် နယူးယောက်တွင် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
December 11, 2022
319343158_10160546900073415_5454247670046082088_n
319181965_10160546899763415_5828454099640962562_n
319082635_10160546899728415_6159291190478706708_n
318653257_10160546900638415_2406400279345922482_n
318559884_10160546899933415_8848828663395073237_n
318212737_10160546900828415_6023853169129469947_n
318177797_10160546900993415_7242869182547620012_n

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့" ကြွေးကြော်သံနဲ့  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်မှာ နယူးယောက်မြို့ခံမြန်မာအသိုက်အဝန်း(NYCBC)က ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို နယူးယောက်ဒေသခံ မြန်မာပြည်သားတွေက  အေးခဲနေတဲ့ ရာသီဥတုကိုအံတုပြီး ပါဝင်တက်ရောက်ခဲ့ကြကာ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီထားသူတွေအားလုံးကို  ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ယောက် အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ  တသားတည်းရပ်တည်ကြောင်း၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ကြရေး စတာတွေကို ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကြွေးကြော်သံတွေ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာကြွေးကြော်သံတွေကို  နိုင်ငံတကာသိစေဖို့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024