DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့်ကျောက်တော်ဒေသတွင် စစ်ရေယာဉ် ၆ စီး အင်အားတိုးချ
DVB
·
December 10, 2022
မင်းပြားနှင့်ကျောက်တော်ဒေသတွင် စစ်ရေယာဉ် ၆ စီး အင်အားတိုးချ
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဒီဇင်ဘာ ၁၀ ရက် မနက် ၆ နာရီခန့်က စစ်ကောင်စီက စစ်ရေယာဉ် ၆ စီးကို အင်အားတိုးချလာတဲ့အတွက် တိုက်ပွဲပြန်ဖြစ်လာမှာကို ဒေသခံတွေ  စိုးရိမ်နေကြပါတယ်။

စစ်ရေယာဉ် ၆ စီးဟာ ဒီဇင်ဘာ ၉ ရက်က စစ်တွေ ရွှေမင်းဂံရေတပ်မှာ လူအင်အား၊ လက်နက်နဲ့ ရိက္ခာအပြည့်တင်ကာ ညအချိန် မင်းပြားနဲ့ ကျောက်တော်ဘက်ကို  ထွက်လာခဲ့ကြတာလို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၉ရက်က မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်း ၃၉၉၊ ၃၈၀၊ ၅၄၀ နဲ့ ၅၄၁ တို့မှ ရိက္ခာနဲ့ လူအင်အားတွေကို မြောက်ဦးမြို့က ၅၄၀၊ ၃၇၇ နဲ့ ၅၈၀ တပ်ရင်းတွေဆီ စစ်ကား ၂၁ စီးနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှ စစ်ရေးလေ့လာသူ တဦးက "မင်းပြားကတပ်အင်အားတွေ မြောက်ဦးကို ဖြည့်လာနေတာ တွေရှိတယ်။ မင်ပြားကိုလည်း အမ်းကနေ အင်အားဖြည့်နေတယ်။ ပုဏ္ဏားကျွန်း ၅၅၀ တပ်ရင်းကို ရောက်နေတဲ့ စစ်ကူတပ်တွေကတော့ ပြန်သွားကြတယ်။ စစ်ကောင်စီက ရခိုင်မှာ စစ်ကစားနေမူ မြင့်တက်လာနေတယ်" လို့  ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ အပစ်ရပ်ထားတဲ့ ကာလမှာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နေရာအနှံ့ကို နေစဥ်နဲ့ အမျှ အင်အားဖြည့်တင်းနေတာကြောင့် တိုက်ပွဲ ပြန် ဖြစ်ပွားလာမှာကို ရခိုင်ဒေသခံတွေ စိုးရိမ်လျက်ရှိနေကြတာလည်း ဖြစ်ပါတယ်။

ထို့အပြင် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်တပ်ပိုင် ရေယာဥ် တွေမှအပ ပြည်သူပိုင်ရေယာဥ်တွေ သွားလာခွင့် မပေးသေးဘူးလို့ ဒေသခံ ရေယာဥ်သမားတွေက ဆိုပါတယ်။

ဓါတ်ပုံ=မင်းပြားနှင့် ကျောက်တော် ဒေသသို့ စစ်ကောင်စီမှ နေဗီ ၆ စီးဖြင့်စစ်အင်အားတိုးချနေမူအားတွေ့ရစဥ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013