DVB Logo
Home
မြန်မာသတင်း
တန့်ဆည်တွင် အိမ်ခြေ ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ၊ ရွာ ၆ ရွာက ပြည်သူများ တိမ်းရှောင်နေရ
DVB
·
December 10, 2022
တန့်ဆည်တွင် အိမ်ခြေ ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ၊ ရွာ ၆ ရွာက ပြည်သူများ တိမ်းရှောင်နေရ
Donate to DVB

တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေနေတဲ့ ကျေးရွာပေါင်း ၇၀ ကျော်၊ အိမ်ခြေ ၂၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးထားပြီး ဒီနေ့မှာလည်း စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၆ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သာဂေါင်ကြီး၊ အင်ပင်သာ၊ ရွှေကျင်၊ ချောင်းရိုး၊ စိမ်းစား၊ အင်းပတ်၊ အင်းနား(သဲစား)ရွာတို့ဟာ ဘုန်းကြီးကျောင်းတွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရပါတယ်။

နေရပ်မပြန်နိုင်၊ စီးပွားရေးလုပ်ကိုင်လို့မရသလို တခြားမှီခိုရာ ဆွေမျိုးသားချင်းမရှိတဲ့ အိမ်ထောင်စုပေါင်း ၂၀၀ က လူဦးရေ ၁၀၀၀ လောက်ဟာ နေရပ်မပြန်နိုင်တော့ဘဲ အမြဲစစ်ရှောင်နေရတာကြောင့် ယာယီစစ်ရှောင်စခန်းတွေဖွင့်ပြီး ကျွေးမွေး ကူညီစောင့်ရှောက်ထားရပါတယ်။

“စစ်ကြောင်းဝင်တဲ့အချိန်ကတော့ အနီးအနားရွာတွေပါ တပတ်လောက် ရှောင်ရတာပဲ။ အိမ်ထောင်စု ၅၀၀ လောက်ကတော့ မြို့နယ်ပြင်ပကို ရွှေ့ပြောင်းကြကုန်ပြီ။ ဒီနေ့ စစ်ကြောင်းက ပုတီးနဲ့ ခရုတောကြားရောက်နေလို့ ပုတီး၊ စည်းသာ၊ ခရုတော၊ နဋောင်းရုံ၊ ထန်းကုန်းကြီး၊ ပေချောင်ရွာ အကုန်ပြေးနေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

တန့်ဆည်က ကာပေါင်းကျရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ် မေလကစလို့ အခုနှစ် စက်တင်ဘာလအထိ ၁၂ ကြိမ်အထက်မီးရှို့ခဲ့ပြီး ချောင်းဆုံ(တ)ရွာကိုတော့ ဒီနှစ်ထဲမှာပဲ ၇ ကြိမ်အထက်မီးရှို့ခဲ့တယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းအရသိရပါတယ်။

ကျေးရွာပေါင်း ၇၄ ရွာက အိမ်ခြေ ၂၅၀၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်တိုင်ကို ဖြတ်တောက်ပစ်တာအပါအဝင် ဖျက်ဆီးခံရတဲ့ အိမ်ပေါင်း ၂၉၉ လုံး ရှိတယ်လို့ သိရပါတယ်။

ဒီအတွက် ပြည်သူပေါင်း ၁၁၀၀၀ ကျော်ဟာ မီးဘေးသင့်ပြီး အိုးအိမ်ဆုံးရှုံးခဲ့ရတယ်လို့လည်း စာရင်းတွေအရ သိရပါတယ်။ ဒီစာရင်းတွေဟာ မြေပြင်က အမှန်တကယ်ဆုံးရှုံးထိခိုက်ပျက်စီးတာနဲ့ လွဲချော်တာမျိုးလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်အနှံ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က တိုက်ခိုက်နှိမ်နင်းနေချိန်အထိ တန့်ဆည်မြို့မှာ လူဦးရေ ရာထောင်ချီပြီး ဆန္ဒပြနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက တန့်ဆည်မြို့နယ်ထဲက အရပ်သားပြည်သူ ၇၅ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီ ၇၅ ယောက်အပါအဝင် တခြားမတော်တဆဖြစ်သေဆုံးတဲ့အရပ်သား၊ တော်လှန်ရေးတပ်ဖွဲ့ဝင်ပေါင်း ၁၂၀ လောက်ရှိတယ်လို့လည်း ဒေသတွင်းပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013