DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီး
DVB
·
December 10, 2022
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီး
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးနေကြတယ်လို့  ဒေသခံ တောင်သူတွေထံက သိရပါတယ်။

စပါးရိတ်ချိန်၊ မြေပဲနုတ်ချိန်၊ ကြက်သွန်စိုက်ပျိုးရာသီမှာ စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေလို့ ပြည်သူတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးနေကြရကာ  သီးနှံစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဂွေးဂုဏ်ကျေးရွာ ဒေသခံ တောင်သူတယောက်ကပြောပါတယ်။

“စပါးခင်းတွေဆိုရင်လည်း ရိတ်ချိန်တန်ရဲ့သားနဲ့ မရိတ်လိုက်ရဘူး။ ကြက်သွန်ခင်းတွေ ဆိုရင်လည်း ရေမတင်ရတဲ့အပြင်မြေပဲတွေလည်း မနုတ်ကြရဘူး။ စစ်ကြောင်းကလည်း ကျနော်တို့ရွာနားတွေမှာ ကပ်နေတော့ ဆောင်းသီနှံစိုက်ပျိုးဖို့ ထွန်ယက်မယ့် တောင်သူတွေကလည်း မထွန်ရဲကြတော့ နှောင့်နှေးမှုတွေရှိတယ်။”

စသိန်းကျေးရွာဒေသခံတောင်သူတယောက်ကလည်း “ကျနော်တို့ဆီမှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ရိတ်သိမ်းချိန်တန်နေတဲ့ စပါးခင်းတွေ ပျက်စီးခဲ့ရသလို ဆောင်းသီးနှံတွေဖြစ်တဲ့ မြေပဲ၊ ကြက်သွန်နဲ့ အာလူးစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ပြီး ဖြစ်သလိုနေထိုင်ကြရသလို ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ ရိတ်သိမ်းပြီးသား စပါးကျီတွေကိုလည်းစစ်(...)တွေက ပြည်သူတွေ ငတ်ငတ်ပြတ်ပြတ်ဖြစ်အောင် မီးရှို့ဖျက်ဆီးပစ်ကြတယ်” လို့ ပြောပါတယ်။

ဆောင်းသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ကလည်း သီးနှံတွေ မရိတ်သိမ်းရတဲ့အတွက် မြေသြဇာဝယ်ယူဖို့ ခက်ခဲနေပါတယ်။

အရင်က မြေသြဇာတအိတ်ကို ကျပ် ၆၀,၀၀၀ ဝန်းကျင်လောက်သာ ရှိခဲ့ရာကနေ အခု မြေသြဇာတအိတ်ကို ၁၉၀,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားလို့ တောင်သူတွေအနေနဲ့ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ကြက်သွန်တွေဆိုရင်လည်း အရင်နှစ်တွေဟာ တောင်သူတယောက်ကို ပိဿာ ၅,၀၀၀ လောက်အထိ ရရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ ပိဿာ ၁,၀၀၀ ရရှိဖို့တောင် မလွယ်ကူတော့သလို သီးနှံရိတ်သိမ်းချိန်မှာ မရိတ်သိမ်းရတဲ့အတွက် တောင်သူတဦးကို ကျပ်သိန်း ၂၀ လောက် ဆုံးရှုံးနစ်နာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီမှာတော့ ထွက်ရှိလာတဲ့ သီးနှံတွေကို ရောင်းချဖို့ မလွယ်ကူသလို ပြည်သူတွေနဲ့ ဝေငှစားသောက်ပြီး စားနပ်ရိက္ခာရရှိဖို့အတွက် ဦးစားပေး လုပ်ကိုင်နေကြရတာ။”

ပေါက်မြို့နယ်​မှာ နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာ ၁၀ ရွာက အိမ်ခြေ ၁,၀၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၁၁,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013