DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း ပလမြို့ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
December 10, 2022
တနင်္သာရီတိုင်း ပလမြို့ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ အရိပ်ပျောက်ကျားတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုမျိုး ဝင်ရောက်တိုက်ခိုက်ရာမှာ ရဲတွေဘက်က အထိအခိုက်ရှိပြီး အတိအကျမသိရသေးဘူးလို့ မြိတ်ခရိုင်တပ်ရင်း ၁ က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဟုတ်တယ်ဗျ။ ဒီနေ့ (ဒီဇင်ဘာ ၉ ရက်) ၁၁ နာရီလောက်က ပလရဲစခန်းကို ပူးပေါင်းဝင်တိုက်တယ်။ ယမန်နေ့က ပုလောကိုဝင်တယ်။ ဒီနေ့ ပလကို ဝင်တာ။ သူတို့က ပလကို PDFတွေမလာနိုင်ဘူး။ ငကြောက်တွေလို့ ပြောထားတာကိုး။”

ပလရဲစခန်း ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးဒေသခံ တစ်ဦးက “ပလကို ဝင်ပစ်စေချင်တာ ကြာပြီ။ လူဖမ်းငွေညစ် နေကြတာလေ။ ဖမ်းပြီးနှိပ်စက် ညှင်းပန်းကြတာ။ အခုလို လာပစ်စေချင်တယ်။ သိမ်းရင်လည်း မြန်မြန်သိမ်းစေချင်တယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမြိတ်ခရိုင်တပ်ရင်း ( ၁ ) က ပုလောမြို့ မြို့နယ်ခန်းမနဲ့ ပဝတ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013