DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ်သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး
DVB
·
December 9, 2022
ပင်လယ်ထဲမျောနေသည့် ရိုဟင်ဂျာ ၁၅၄ ဦးကို ဗီယက်နမ်သင်္ဘောက ကယ်တင်ပြီး မြန်မာရေတပ်ထံ လွှဲပြောင်းပေး
Donate to DVB

ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်မှာ ရက်ပေါင်းအတော်ကြာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ယောက်ပါတဲ့ လှေကို ဗီယက်နမ်နိုင်ငံက ရေနံတင်သင်္ဘောကုမ္ပဏီတခုက ကယ်တင်ပြီး မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က “ဗီယက်နမ်က Haduco ဆိုတဲ့ ရေနံကုမ္ပဏီတွေကို ဝန်ဆောင်မှုပေးတဲ့ သင်္ဘောကုမ္ပဏီက ကယ်လိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်အထိကို လှေပေါ်မှာ ဖုန်းအဆက်အသွယ် ရှိနေတာဆိုတော့ သူတို့ကို ကယ်သွားတယ်ဆိုတာကို ပြန်ပြောတယ်ပေါ့။ သင်္ဘောကုမ္ပဏီက သူတို့အစိုးရကို အကြောင်းကြားမှာပဲလေ။ ဒါပေမဲ့ နောက်ဆုံး ကျနော်တွေ့လိုက်ရတဲ့ ဗီဒီယိုဖိုင်က သူတို့က မြန်မာစစ်တပ်ဘက် ဒီဒုက္ခသည်တွေကို လွှဲပေးနေတာတွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တိတိကျကျ သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ဗီယက်နမ်နိုင်ငံ ပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပြီး တက်ကြွလှုပ်ရှားသူတွေ၊ NUG အစိုးရ တာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ ဗီယက်နမ်နိုင်ငံ သင်္ဘောကုမ္ပဏီက စစ်ကောင်စီရေတပ်ကို လွှဲပြောင်းပေးတဲ့ ရုပ်သံဖိုင်တွေ မျှဝေထားတာကို တွေ့ရပါတယ်။

“စစ်ကောင်စီဘက်ကို လွှဲပြောင်းပေးလိုက်ပြီးနောက်ပိုင်း လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ အခုလို ပင်လယ်ထဲမျောလာတယ်ဆိုတာ ဘယ်ကပဲလာလာ အာဏာပိုင်တွေက လာဘ်စားပြီး လွှတ်ပေးလို့၊ လူကုန်ကူးတာကို လက်ခံလို့ ဒီဘက်ကို ရောက်လာကြတာ။ အခုလို ဖမ်းတယ်၊ ပြီးရင် သတ်တယ်ဆိုတာက သူတို့အတွက် အပျင်းပြေ လုပ်နေသလိုပါပဲ။ နိုင်ငံတကာကိုလည်း ဂရုမစိုက်တော့ဘူး။ အခုလူတွေအတွက်လည်း စိုးရိမ်ရတယ်။ ထောင်ချတာတွေ ဘာတွေ လုပ်နိုင်တယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

အဆိုပါဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာပြီး အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မယ့်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

လတ်တလော မြန်မာနိုင်ငံထဲမှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ဖမ်းဆီးခံရပြီး သတ်ဖြတ် အလောင်းစွန့်ပစ်ခံရတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013