DVB Logo
Home
မြန်မာသတင်း
ပြည်သူကို ကတိ မတည်တဲ့သူ ခေါင်းဆောင်နေရာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
DVB
·
May 18, 2014
ပြည်သူကို ကတိ မတည်တဲ့သူ ခေါင်းဆောင်နေရာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Donate to DVB

ပြည်သူကိုပေးတဲ့ကတိ မတည်တဲ့သူတွေကို ခေါင်းဆောင်နေရာမှာ မထားဖို့ ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

မေလ ၁၈ ရက်က မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

NLD n 88 consti r18052014 MDY“ပြည်သူကို တကယ်လေးစားတယ်ဆိုလို့ ရှိရင် နံပတ် ၁ က လူတယောက်ကို လေးစားတယ် အဲဒီလူကို မှန်မှန်ကန်ကန်ပြောရတယ်။ မှန်မှန် မပြောတာဆိုတာ မလေးစာရာ ရောက်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ ဘာပြောပြော လက်ခံရမယ်ဆိုလည်း ဒါမလေးစားတာပဲ။ ငါတို့ မမှန်တာပြောရင် လည်းပြောမှာပဲ သူတို့က အရေးကြီးလို့လား ငါတို့ ပြောချင်တာ ပြောမယ်ဆိုရင် ဒါလည်း မလေးစားရာ ရောက်တာပဲ။ ဒါကြောင်မို့ ပြည်သူကို ပေးတဲ့ ကတိတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူကိုပေးတဲ့ကတိတွေ မတည်နိုင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ခေါင်းဆောင်နေရာ မထားပါနဲ့လို့ ကျမ ပြတ်ပြတ်သားသား ပြောချင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လက်တွဲ ပြုလုပ်တဲ့ အထက်ဗမာပြည် မန္တလေး လူထုဟောပြောပွဲကို မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့က ပြည်သူတွေ အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ပြည်နယ်တိုင်းတို့က ပြည်သူတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဟောပြောပွဲပြီးတဲ့နောက် မန္တလေးမြို့၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ လမ်း ၃၀၊ ၃၁လမ်းရှိ ရွှေပြည်သာဟိုတယ်မှာ မြို့မိမြို့ဖတွေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီက မေလ ၂၇ ရက်မှာ စတင်ပြုလုပ်မယ့် ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ရေး လက်မှတ်ထိုးလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ ဆွေးနွေးခဲ့တယ်လို့ မန္တလေးတိုင်း အန်အယ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးလှကောင်းက ပြောပါတယ်။

“လက်မှတ်တိုးပြီးတော့ signature camping လုပ်တဲ့နေရာမှာ ရပ်ကျေးရုံးတွေမှာ ဖြစ်စေ၊ ရပ်ကွက်က ပါတီဝင်တဦးဦးချင်းမှာ ဖြစ်စေ စာအုပ်ကို ထားပြီးမှ လာထိုးစေချင်ပါတယ်။ အဲဒီလို စီစဉ်ထားတာကို တချို့ကလည်း အိမ်တိုင်ရာရောက် လိုက်ထိုးဖို့ ပြောတဲ့အခါမှာ ဒေါ်စုက အဲဒါကို လက်မခံပါဘူး။ လာထိုးရဲတဲ့ သတ္တိရှိရမယ်။ တအိမ်တက်ဆင်း လိုက်ထိုးရင် အနှောင့်အယှက် ဖြစ်မယ်။ အစွပ်စွဲ ခံရနိုင်တယ် ဆိုတဲ့အတွက် အဲဒါကို အချေအတင် ပြောကြပါတယ်။ တချို့က ကြောက်တဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ သူတို့ဆီသွားထိုးရင် သူတို့ ထိုးပေးပါမှာပေါ့။ အဲဒီကြောက်တဲ့ စိတ်ကို ဖယ်ရမယ်ဆိုပြီး ဒေါ်စုက အားပေးပြောပါတယ်။”

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေကို ရန်ကုန်မှာ မေလ ၁၇ ရက်၊ မန္တလေးမြို့မှာ မေလ ၁၈ရက်တို့မှာ ဆက်တိုက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထု သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013