Home
အနုပညာ
နွေဦးတော်လှန်‌ရေး ရဲဘော်လူငယ်လေးများအကြောင်း “ကျွန်တော် ကျွန်မတို့သည်” စာအုပ်ဖြန့်ချိ
DVB
·
December 9, 2022
318852756_461512659482329_2839411288878332491_n

တော်လှန်ရေးရဲဘော်တွေရဲ့အကြောင်းကို မှတ်တမ်းတင်ထားတဲ့ “ကျွန်တော် ကျွန်မတို့သည်” ဆိုတဲ့ စာအုပ်ကို စတင်ဖြန့်ချိလိုက်ပြီလို့ ရေးသားထုတ်ဝေသူဆီက သိရပါတယ်။

ဒေါနစစ်ကြောင်းအတွက် ဆေးတပ် တပ်ဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ စာရေးဆရာ မဟာချိုက မှတ်တမ်းတင်ရေးသားထုတ်ဝေတာဖြစ်ပြီး ဒါဟာ ဒုတိယအုပ်ဖြစ်ပါတယ်။

"စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုကိုမခံနိုင်လို့ လက်နက်ကိုင်ခဲ့ကြတဲ့ ရဲဘော်လူငယ်လေးတွေ အကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ်လေးပါ။ အပိုင်း ၁ ကနေ အပိုင်း ၂၈ အထိ စာမျက်နှာ ၁၆၀ ပါပါတယ်။ ရရှိလာတဲ့ အမြတ်ငွေ ၈၀ ရာခိုင်နှုန်းကို ဒေါနစစ်ကြောင်းနဲ့ အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေး ခိုလှုံသူတွေဆီ ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်" လို့ စာရေးဆရာ မဟာချိုက ပြောပါတယ်။

စာအုပ်မှာ ကဗျာဆရာ စိုးမိုးသူ-ဒိုက်ဦး(ဆရာတော် အရှင်ဇဝန  နိုင်/ကျဉ်းဟောင်း) နဲ့ ကဗျာဆရာ မိုးနေတို့က အမှာစာတွေ အသီးသီးချီးမြှင့်ထားကြပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နိုင်ငံတို့မှာ ဖြန့်ချိမယ်လို့ ဆိုပါတယ်။

ဖြန့်ချိမယ့် လိပ်စာအသေးစိတ်ကိုတော့ မဟာချို စာပေရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်မှာ စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024