DVB Logo
Home
မြန်မာသတင်း
အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသက်နှင်းမောင်ကို ခြွင်းချက်မရှိလွှတ်ပေးရန် ILO တောင်းဆို
DVB
·
December 9, 2022
အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုသက်နှင်းမောင်ကို ခြွင်းချက်မရှိလွှတ်ပေးရန် ILO တောင်းဆို
Donate to DVB

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူ ကိုသက်နှင်းအောင်ဟာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ ၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ချမှတ်ခံထားရတာပါ။

ILO ညွှန်ကြားရေးမှူး ဟောင်ဘိုက “ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့အစည်းတွေရဲ့ ရပိုင်ခွင့်တွေကို ကျင့်သုံးဖို့ဆိုတာ အဲဒီအဖွဲ့အစည်းခေါင်းဆောင်၊ အဖွဲ့ဝင်တွေအပေါ် မည်သည့်အကြမ်းဖက်မှု၊ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုမှမရှိတဲ့ ဝန်းကျင်မှာပဲ ကျင့်သုံးလို့ရနိုင်ပါတယ်။ နိုင်ငံရေးဆန့်ကျင်သူတွေအပေါ် ဖိနှိပ်တာ၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးတွေကို မသိကျိုးကျွံပြုနေတာတွေကို ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013