Home
မြန်မာသတင်း
ပဲခူးတိုင်း လဝက ဝန်ကြီး ဦးထွန်းထွန်းဦးနှင့် သမီးဖြစ်သူတို့ကို စစ်ကောင်စီ ဖမ်းဆီ
DVB
·
December 9, 2022

အန်အယ်လ်ဒီ အစိုးရလက်ထက် ပဲခူးတိုင်းအစိုးရရဲ့  လဝကဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးထွန်းထွန်းဦးရဲ့ သမီးကို  ရန်ကုန်မြို့ ပတ်စ်ပို့ရုံးမှာ စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးထားလိုက်ပါတယ်။
ဒီနောက် ဖခင်ဖြစ်သူ လာရောက်အဖမ်းခံရင် ပြန်လွှတ်ပေးမယ်ဆိုပြီး အကျပ်ကိုင်တာကြောင့်  ဖခင်ဖြစ်သူ ဦးထွန်းထွန်းဦးက ဒီဇင်ဘာ ၈ ရက်နေ့က ပြည်-(ဒကစ)ရုံးမှာ သွားရောက်အဖမ်းခံလိုက်တယ်လို့ ပေါင်းတည်ဒေသခံတယောက်က ပြောပါတယ်။

“သူ့သမီးက နိုင်ငံခြားကိုထွက်ဖို့ ပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့သွားလုပ်တာ။ အဲ့ဒါကို အဲ့ဒီမှာပဲ ဖမ်းထားလိုက်ပြီး နောက် သူ့အဖေကို ဖုန်းဆက်ခိုင်းပြီး လာအဖမ်းခံခိုင်းတာ။ အဲ့ဒါနဲ့ သူ့အဖေ ဦးထွန်းထွန်းဦးက ပြည်(ဒကစ) ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှာ သွားအဖမ်းခံလိုက်တာ။ သူ့ကို ဖုန်းထဲမှာတော့ ၅၀၅ နဲ့ အမှုဖွင့်မယ်လို့ ပြောခေါ်တာပဲ။ ဒီနေ့ပဲ သွားအဖမ်းခံလိုက်တာ။ သူ့သမီးကိုလည်း အခုထိတော့ ပြန်လွှတ်မပေးသေးဘူး။”

ဦးထွန်းထွန်းဦးဟာ အန်အယ်လ်ဒီအစိုးရ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၂ ခုလုံးမှာ ပေါင်းတည်မြို့နယ်ကနေ အရွေးခံခဲ့ရပြီး ပထမ ၂၀၁၅-၂၀၂၀ မှာတော့ ပဲခူးတိုင်း လဝကဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက သူ့အိမ်ကို အကြိမ်ကြိမ် ဝင်ရောက်ဖမ်းဆီးနေတာကြောင့် ပေါင်းတည်မြို့နယ်ထဲက မထင်ရှားတဲ့ ကျေးရွာ‌လေးတရွာမှာ မိသားစုနဲ့အတူ ပုန်းအောင်နေခဲ့တာရတာ ဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးကို ဖမ်းမမိတဲ့အတွက် စစ်ကောင်စီက သူ့ကားကိုသိမ်းယူထားကာ သူ့ကိုလည်း ဝရမ်းထုတ်ထားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024