DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် လယ်သမား ၂ ဦးကို စစ်တပ်က ပစ်ခတ်၊ မီးရှို့ခံခဲ့ရသည့် ဒီပဲယင်းဒေသခံ အကူအညီ လိုနေ
DVB
·
December 9, 2022
ကန့်ဘလူတွင် လယ်သမား ၂ ဦးကို စစ်တပ်က ပစ်ခတ်၊  မီးရှို့ခံခဲ့ရသည့် ဒီပဲယင်းဒေသခံ အကူအညီ လိုနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးရွာက စပါးရိတ်နေတဲ့ လယ်သမားတွေကို ဒီဇင်ဘာ ၈ ရက် မနက် ၁၀ နာရီမှာ စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် လယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ခမရ-၃၆၉ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ်အမျိုးသား တယောက်က  ခါးနဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး  နောက် ၄၂ နှစ်အရွယ် အမျိုးသားကတော့ ညာဘက်ခြေထောက် ကျည်ဆန်မှန်ပြီး ခြေထောက် ကျိုးသွားခဲ့ကာ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူးလို့ ကန့်ဘလူမြို့နယ် ဒေသခံရွာသားတဦးက ပြောပါတယ်။

“စခတွေက မနက်ခင်း ၈ နာရီလောက်က ချပ်သင်းရွာကနေ ဝက်သအင်းရွာဘက်ကို စစ်ကြောင်းထိုးလာတယ်။ မနက် ၁၀ နာရီခွဲအချိန်ခန့်ကြာ‌ေတာ့ ဝက်သအင်းနဲ့ ပုဏ္ဏားရွာကြားမှာ စပါးရိတ်နေတဲ့ လယ်သမားတွေကို လက်နက်ငယ်တွေနဲ့ စပစ်တယ်။ အကုန်လုံး ကြောက်ပြီး ထွက်ပြေးကြရတယ်ဗျ။ နှစ်ယောက်ကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရရှိထားတယ်။ ဒဏ်ရာရရှိတဲ့သူ နှစ်ယောက်လုံးက ကံကြီးရွာက လယ်သမားတွေပါဗျ။” 

စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၈၀ လောက်ရှိပြီး ပုဏ္ဏားကြီးရွာအတွင်း ဝင်ရောက်ရှာဖွေကာ ဒေသခံအမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးကိုလည်း ညက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီစစ်ကြောင်းဟာ လက်ရှိအချိန်မှာ ဝက်သအင်းကျေးရွာမှာ စခန်းချ ညအိပ်နေထိုင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာတော့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီဇင်ဘာ ၈ ရက်နေ့အထိ ကျေးရွာပေါင်း ၁၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ စစ်ဘေးမီးဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံက ပြောပါတယ်။

“အခုဆို စစ်ကြောင်းဝင်လာတဲ့နေ့ကရောဆို ၁၀ ရက်ရှိပြီ။ စစ်ရှောင်တွေ ကူညီရေးလည်း နေရာအစုံ မျှဝေကူညီနေရတော့ ခက်ခဲလာခဲ့ပြီ။ ရွာတွေလည်း ပြာကျနေရပြီ။”

နိုဝင်ဘာ ၃၀ ရက်က ရေဦးဘက်ကနေဝင်လာကာ ၁ ရက်နေ့ကစပြီး ရေဦး၊ ဒီပဲယင်းနယ် အစပ်က ပျော်ဘွယ်ရွာနဲ့ မစိုးရိမ် ၂ ရွာကို စရှို့ခဲ့လို့ အိမ်ခြေ ၂၀ လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ ရက်ကနေ စတင်မီးရှို့ခဲ့တာ ရွာ ၁၂ ရွာ ဘုန်းကြီးကျောင်း ၃ ကျောင်း မီးလောင်ပြာကျခဲ့ပြီး စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်လောက်ရှိနေကာ စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြပြီး ဆောင်းရာသီဖြစ်တဲ့အတွက် နေထိုင်စရာခက်ခဲကာ မြို့နယ်အတွင်းက ကူညီထောက်ပံ့ပေးနေရတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များ တာဝန်ခံက‌ ပြောပါတယ်။

“စစ်ရှောင်တွေ မီးဘေးသင့်တွေအတွက် တတ်နိုင်သလောက် အကူအညီပေးကြဖို့သာ မေတ္တာရပ်ခံချင်ပါတယ်။ အရင်မီးရှို့ခံရတာတွေ ကူညီလို့ မပြီးသေးခင် မီးထပ်ရှို့နေတော့ ဆက်ကူညီဖို့ ပိုခက်ခဲသွားတယ်” လို့ ဒီပဲယင်းမြို့နယ်ညီနောင်များတာဝန်ခံက‌ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက စစ်ဘေးရှောင်နဲ့ စစ်ကောင်စီက မီးရှို့လို့ မီးဘေးသင့်ပြည်သူတွေကို ‌မြို့နယ်အတွင်းရှိ ပြည်သူတွေရဲ့ အလှူငွေနဲ့ အခြေခံစားသောက်ကုန်နဲ့ ငွေအနည်းငယ်ဆီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013