DVB Logo
Home
မြန်မာသတင်း
စက်ရုံပိတ်ခံရသည့် ပုသိမ်အထည်ချုပ်စက်ရုံလုပ်သားထောင်ချီ စားဝတ်နေရေး အခက်ကြုံ
DVB
·
December 9, 2022
စက်ရုံပိတ်ခံရသည့် ပုသိမ်အထည်ချုပ်စက်ရုံလုပ်သားထောင်ချီ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမား ၁,၈၀၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

အထည်အော်ဒါမှာယူတာမရှိတဲ့အတွက် နိုဝင်ဘာလအတွင်း Chai Moon Sport အထည်ချုပ်စက်ရုံနဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းခဲ့တဲ့အတွက် အဲ့ဒီစက်ရုံတွေမှာ အလုပ်လုပ်ကိုင်သူ အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။

Chai Moon Sport အထည်ချုပ်စက်ရုံလုပ်သားတဦးက “စက်ရုံက နိုဝင်ဘာ ပထမအပတ်မှာ ပိတ်လိုက်တယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ လောက်ရှိတယ်။ အထည်အော်ဒါမရလို့ဆိုပြီး ၂ လ ယာယီပိတ်မယ်၊ အော်ဒါပြန်ရရင် ပြန်ဖွင့်မယ်ဆိုလို့ အဆောင်မှာ စောင့်နေရတယ်။ ပြန်ဖွင့်ဖို့ မလွယ်လှဘူးထင်တယ်။ တချို့လည်း ရရာအလုပ်လုပ်ပြီး စက်ရုံဖွင့်မယ့်ရက်ကို စောင့်နေတယ်။ တချို့ဆို အဆောင်ခပေးဖို့ မရှိတော့ဘူး၊ စားဖို့မရှိတော့လို့ ရွာပြန်သွားသူတွေလည်းရှိတယ်” လို့ ပြောပါတယ်။

အလားတူ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်မှာရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၈၀၀ လောက်ရှိကာ သစ်ညိုကုန်းကွင်း တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ Myanmar ALL Rich အထည်ချုပ်စက်ရုံဟာ အလုပ်သမား ၁,၀၀၀ ကျော်နဲ့ လည်ပတ်ခဲ့ပြီး နိုဝင်ဘာလအတွင်းမှာပဲ အဲဒီစက်ရုံနှစ်ရုံဟာ အထည်အော်ဒါမရလို့ ပိတ်သိမ်းခဲ့တာပါ။

အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ အများစုဟာ ပုသိမ်မြို့ပေါ်နဲ့ အနီးနား ကျေးရွာတွေကသူတွေ ပါဝင်ပြီး အဲဒီအထည်ချုပ်စက်ရုံတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013