DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်း မြန်မာပြည်ကို မလာတော့
DVB
·
December 9, 2022
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်း  မြန်မာပြည်ကို မလာတော့
Donate to DVB

လက်ရှိအာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အရေးကြီးညီလာခံတက်ရောက်ဖို့ရှိနေတာကြောင့် ကနဦးစီစဉ်ထားတဲ့အတိုင်း မြန်မာနိုင်ငံကို လာရောက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ခမာတိုင်းမ်စ် သတင်းမှာ ရေးပါတယ်။

မြန်မာစစ်ကောင်စီဟာလည်း အာဆီယံမှာ သဘောတူညီထားခဲ့တဲ့ ဘုံသဘောတူညီချက်  ၅ ချက်ကို လိုက်နာခြင်းမရှိတဲ့အပြင် ဆန္ဒပြမှုတွေကိုဖြိုခွင်းစဉ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ၇ ဦးကိုသေဒဏ်ပေးကွပ်မျက်ဖို့ စီစဉ်နေတာတွေကြောင့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဖြစ်မြောက်ဖို့မရှိနိုင်ဘူးလို့ လေ့လာသူတွေက ကြိုတင်တွက်ဆထားကြပြီးသားလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေသေးတဲ့ ပရာ့ဆိုခွန်းဟာ ဒီဇင်ဘာ ၁၄ ရက်ကနေစတင်ကာ အာဆီယံ-အီးယူ (ဥရောပသမဂ္ဂ) အထိမ်းအမှတ်ညီလာခံကို တက်ရောက်ဖို့ရှိနေတာပါ။

ဒါ့ကြောင့် မြန်မာနိုင်ငံကိုသွားရောက်ဖြစ်တော့မှာ မဟုတ်တဲ့အကြောင်း၊ ဥက္ကဋ္ဌသက်တမ်းဟာလည်း သိပ်မကျန်တော့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းစဉ်တွေကို နောက်နှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားကို လွှဲအပ်ခဲ့တော့မှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေပြေလည်စေရေးအတွက် အခုလကုန်မှာ အာဆီယံဥက္ကဋ္ဌ သက်တမ်းပြီးဆုံးတော့မယ့်  ကမ္ဘောဒီယားနိုင်ငံအနေနဲ့ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ပြီးပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်ကောင်စီကသာ သဘောတူညီထားတဲ့ အချက် ၅ ချက်ကို လိုက်နာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းဟာ တတိယအကြိမ်မြောက် မြန်မာနိုင်ငံသွားရောက်လည်ပတ်ကာ ညှိနှိုင်းမှုတွေဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့က ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်စ် သတင်းနဲ့အင်တာဗျူးမှာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

တကယ်လို့ သဘောတူညီချက် ၅ ချက်အတိုင်း မလိုက်နာခဲ့ရင် အာဆီယံရဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို ကြုံတွေ့ရတော့မှာဖြစ်တယ်လို့ အာဆီယံဥက္ကဋ္ဌကလည်း စစ်ကောင်စီကို သတိပေးစာပို့ခဲ့ကြောင်း သူကပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ဇန်နဝါရီလထဲမှာ နေပြည်တော်ကို တစ်ကြိမ်၊ အထူးကိုယ်စားလှယ်အနေနဲ့ ပရတ်ဆာခွန်းက မတ်လထဲမှာ တစ်ကြိမ်၊ ဇွန်လထဲမှာတစ်ကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမဲ့ မြန်မာ့အရေးဟာ တိုးတက်လာမှုမရှိသေးသလို ပြီးခဲ့တဲ့ အာဆီယံခေါင်းဆောင်များညီလာခံမှာလည်း မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူညီထားခဲ့တဲ့ ရှိထားပြီးသား သဘောတူညီချက် ၅ ချက်ကိုသာ မြန်မာ့အရေးဖြေရှင်းရေးအတွက် အာဆီယံရဲ့ လမ်းညွှန်ချက်အဖြစ် အသုံးပြုသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ကမ္ဘောဒီးယားရဲ့ ဥက္ကဋ္ဌသက်တမ်းအတွက် အချိန်မကျန်တော့တာရယ် မြန်မာစစ်အာဏာရှင်တွေက အချက် ၅ ချက်ကို လိုက်နာအကောင်အထည်ဖော်လိုခြင်းမရှိတာရယ်ကြောင့် အာဆီယံအထူးကိုယ်စားလှယ်အတွက် မြန်မာ့အရေးဆောင်ရွက်ရာမှာ ခက်ခဲစေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ရွိုင်ရယ်အကယ်ဒမီ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ဒါရိုက်တာတဦးဖြစ်သူ ခင်ဖီရာက ပြောပါတယ်။ 

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်မယ့် ကိစ္စကိုလည်း သူကထည့်ပြောခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို မသွားတော့ဘူးဆိုတာဟာ မြန်မာစစ်ကောင်စီရဲ့ မရိုးသားတဲ့ လုပ်ရပ်တွေအပေါ်မှာ အာဆီယံက မနှစ်သက်တာကို ပြတဲ့သဘောလည်းဖြစ်နိုင်ကြောင်း၊ မြန်မာစစ်ကောင်စီဟာ ပဋိပက္ခတွေကို အမှန်တကယ် ပြေလည်းစေလိုခြင်းမရှိကြောင်းနဲ့ မြန်မာ့အရေးအတွက် နိုင်ငံခြားခေါင်းဆောင်တွေရဲ့ အကြံပြုတိုက်တွန်းချက်တွေကို လိုက်နာခဲ့ခြင်းမရှိကြောင်းလည်း ပြောခဲ့တယ်လို့ ခမာတိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။

Ref-Khmartime

Photo-MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013