DVB Logo
Home
မြန်မာသတင်း
အမေရိကန်က မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမည်
DVB
·
December 9, 2022
အမေရိကန်က မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချမည်
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါဟာ အခုလအတွင်းမှာပဲ အမေရိကန်ကို ပြန်တော့မှာဖြစ်ပြီး နောက်ထပ်သံအမတ်တစ်ဦး မြန်မာနိုင်ငံကို ထပ်မံစေလွှတ်ဖို့မရှိတော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့ကြောင်း နစ်ကီအေးရှားရဲ့ သတင်းမှာဖော်ပြပါတယ်။

ရန်ကုန်သံရုံးမှာ ဒုတိယခေါင်းဆောင်အဖြစ် ရှိနေတဲ့ ဒက်ဘရာလင်းကသာ သံရုံးတာဝန်ခံအဖြစ် ဆက်လက်ရှိသွားမှာဖြစ်တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ယောက်က ပြောခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးကာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် အမေရိကန်က အခုလို ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ 

အာဏာသိမ်းခဲ့တာကြောင့် တစ်နိုင်ငံလုံးအနှံ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတွေဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းနှိမ်နင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

လတ်တလောမှာ တက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်မှုအပြင် တခြားလူမဆန်တဲ့ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ကျူးလွန်နေဆဲဖြစ်တဲ့ စစ်ကောင်စီရဲ့လက်ချက်ကြောင့် သေဆုံးခဲ့ရသူ အရပ်သား ၂၅၀၀ ကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

ကုလသမဂ္ဂက စုဆောင်းထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကိုစွန့်ခွာထွက်ပြေးခဲ့ရသူ ၇၀၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံအတွင်းမှာလည်း စစ်တပ်ရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေကြောင့် အရပ်သား တစ်သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့ တူရကီအခြေစိုက် A-News ရဲ့ သတင်းမှာဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013