Home
မြန်မာသတင်း
ရွှေညောင်ရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
December 8, 2022
Shwe Nyaung
Screenshot 2022-12-08 163233

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့၊ တောင်ကြီး-ကလော ကားလမ်းမကြီးဘေးရှိ ရွှေညောင်နယ်မြေခံရဲစခန်းကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ ခွဲလောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.N.PDF) က ထုတ်ပြန်ပါတယ်။

“grenade (ဗုံး) နဲ့ သွားပစ်ခဲ့တာပါ။ စစ်(--) နဲ့ ရဲ(--) အင်အား ၁၅ ယောက်ဝန်းကျင် ခန့်မှန်းခြေ ရှိပါတယ်ဗျ။ သူတို့ဘက်က အထိအခိုက်တော့ မသိရသေးပါဘူး” လို့ S.N.PDF က ပြောပါတယ်။

ပြည်သူတွေအနေနဲ့  စစ်ကောင်စီစခန်းတွေ၊ ကားတွေ၊ တပ်သားတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးနေကြဖို့၊ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူ ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းလည်း ရွှေညောင်မြို့ နယ်မြေရဲစခန်းကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024