DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် ၃ ဦးကို ထောင်ဒဏ်ချမှတ်
DVB
·
December 8, 2022
စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါအဝင် ၃ ဦးကို ထောင်ဒဏ်ချမှတ်
Donate to DVB

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီးနဲ့ တိုင်းအတွင်းရေးမှူးတို့ကို ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန် ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်၊ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို ထောင်ဒဏ် နှစ် ၂၀၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သုံးဦးစလုံး အဂတိအမှုတွေချည်းပဲ။ ဦးလှစိုးက ပုဒ်မ ၅၅ နဲ့ ထောင်ဒဏ် ၁၅၊ ဦးအောင်သန်းဦးက ပုဒ်မ ၅၅ ပဲ ထောင်ဒဏ်နှစ် ၂၀၊ ဦးအောင်သန်းဦးက ပုဒ်မ ၅၅ ရယ် ၅၆ ရယ် သူကတော့ ၆ နှစ်ပဲကျတယ်။”

ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့ပြီး သူရဲ့ဖော်ချက်နဲ့ ဦးအောင်သန်းဦးကို မတ်လအတွင်း ဖမ်းဆီးခဲ့ကာ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးကို မေလမှာ ထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထွေအုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“စစ်တပ်က ရာထူးကြီးတဲ့သူတယောက်နဲ့ မြေယာကိစ္စ ပြဿနာတက်ရင်း အဖမ်းခံရတာကနေ အဂတိအမှုနဲ့ အမှုဖွင့်တာ။”

စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၁၅ ရက်နေ့မှာ အဆိုပါသုံးဦးကို သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ အဂတိပုဒ်မတွေနဲ့ အမှုဖွင့်တာ ဖြစ်ပါတယ်။

ဒီကနေ့ ထောင်ချခံရသူသုံးဦးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က အသစ်ပြန်လည်ဖွဲ့စည်းတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013