DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချခံရသည့် ကျောင်းသားများနှင့်အတူရပ်တည်ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂ ဆန္ဒပြ
DVB
·
December 7, 2022
သေဒဏ်ချခံရသည့် ကျောင်းသားများနှင့်အတူရပ်တည်ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂ ဆန္ဒပြ
1 / 3
Donate to DVB

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့  အတူ တသားတည်းရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာ ၇ ရက်မှာ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU) က ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး နဲ့ ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မသေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU) က ပြောပါတယ်။

သေဒဏ်ချမှတ်တာ၊ စီရင်တာတွေဟာ လူ့အခွင့်ရေးစံနှုန်းအရ ဘယ်လိုမှ မကိုက်ညီသလို လူငယ်လူရွယ်ကျောင်းသားတွေကို စစ်အုပ်စုက အဓမ္မသေဒဏ်ချမှတ်နေတာဟာ သူတို့ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အလုံးစုံပျက်သုဉ်းတဲ့အထိ လက်စားချေမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ဖက်ဆစ်သရုပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျောင်းသားပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တသားတည်းရပ်တည်ပေးကြဖို့ IWU က တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရသူ ၁၃၀  ကျော်ရှိတဲ့ထဲက ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက  စီရင်ကွပ်မျက်ခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013