Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီး
DVB
·
December 7, 2022
317089601_2040714549592803_2489418926508276106_n
318582953_2040715032926088_4843313363730054322_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာမှာ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းပင်ချောင်ကြီးကျေးရွာ၊ ကွက်သစ်ပိုင်း ဦးရွှေထွန်း နေအိမ်မှာ ဘုရားမီး ပူဇော်ထားတဲ့ ဖယောင်းတိုင်မီးကဆင့် မီးကူးစက် လောင်ကျွမ်းခဲ့တာပြီး မနက် ၈ နာရီ ၁၃ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ် သိန်း ၅၀ ဆုံးရှုံးခဲ့တယ်လို့ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိမှာ မီးဘေးသင့်ပြည်သူ ၃၀ ကျော်ကို နီးစပ်ရာ ဆွေမျိုးနေအိမ်တွေကို ယာယီပြောင်းရွှေ့ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း နေအိမ် ၈ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုကြောင့် လူ ၄ ဦး သေဆုံးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024