DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယတွင် တရားမဝင်မြန်မာ ၂၄ ဦးတင်လာသည့် ကား ၁ စီး တိမ်းမှောက်
DVB
·
December 7, 2022
အယုဒ္ဓယတွင် တရားမဝင်မြန်မာ ၂၄ ဦးတင်လာသည့် ကား ၁ စီး တိမ်းမှောက်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ ဖတ်ယိုင်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၆ ရက်  မနက်စောစောက တရားမဝင်မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား တစီး တိမ်းမှောက်သွားပြီး လမ်းဘေးက ထိုင်းလူမျိုးတချို့နဲ့ ကားပေါ်ကမြန်မာလုပ်သားတွေပါ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မတ်တီချွန်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက် ၆ နာရီလောက်က ဖတ်ယိုင်မြို့နယ်နဲ့ ဆေနားမြို့နယ်ကြား ထာ့ဒင်ဒဲန်းရပ်ကွက်ထဲမှာ ယာဉ်မတော်တဆမှုသတင်းရတဲ့အတွက် သွားရောက်စစ်ဆေးရာမှာ အခင်းဖြစ်တဲ့နေရာမှာ လမ်းချိုးအကွေ့ဖြစ်ပြီး စောင်းလျက်အနေအထား တိမ်းမှောက်နေတဲ့ မီးခိုးရောင် တိုယိုတာဟိုင်းလပ်စ်ကား ၁ စီးနဲ့ ထိခိုက်ဒဏ်ရာရသူတချို့ကို တွေ့ရှိခဲ့တယ်လို့ ဖတ်ယိုင်နယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ကနဦးဒဏ်ရာရရှိသူမှာ လမ်းဘေးက ထိုင်းလူမျိုး ၃ ဦးနဲ့ ကားပေါ်က မြန်မာလုပ်သား ၁၀ ဦးတို့ဖြစ်ပြီး လူနာတင်ကားနဲ့ ဖတ်ယိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

စုံစမ်းစစ်ဆေးချက်အရ အဆိုပါဟိုင်းလပ်စ်ကားဟာ တရားမဝင်မြန်မာအလုပ်သမားတွေကို ကားနဲ့ ကြပ်ညပ်အောင် မတန်တဆတင်ဆောင်လာပြီး အမြန်မောင်းနှင်လာကြောင်း၊ လမ်းချိုး ကွေ့တနေရာရောက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းထိပ်မှာ သံဃာတော်တွေကို ဆွမ်းလောင်းဖို့ ထိုင်စောင့်နေတဲ့ လူအုပ်ထဲကို တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

ဆွမ်းလောင်းဖို့ စောင့်နေကြတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေ  အလန့် တကြား ထွက်ပြေးတိမ်းရှောင်ကြရာမှာ  အဘွားအိုတယောက်  ပြေးရင်းလွှားရင်း နောက် ကားတစ်စီးနဲ့ တိုက်မိပြီး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါကားဟာ တာ့ခ်ခရိုင်က တရားမဝင်အလုပ်သမား ၂၄ ဦးကို တင်ဆောင်လာတာဖြစ်ပြီး ဘန်ကောက်ကိုအလုပ်သွားလုပ်ဖို့ ပို့ဆောင်ပေးစဉ် လမ်းခုလပ်မှာခုလိုမတော်တဆ ထိခိုက်မှု ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က အနည်းငယ်ထိခိုက်ဒဏ်ရာရသူတွေကို ဆေးထည့်ပေးပြီး လဝကဥပဒေအရ အရေးယူဖို့ ဖတ်ဟိုင်ရဲစခန်းကို ပို့ဆောင်ထားကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Ref-Matichon

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013