DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခံရသည့်အပေါ် နိုင်ငံတကာအဖွဲ့အစည်းများထံ အိတ်ဖွင့်စာပေးဖို့
DVB
·
December 7, 2022
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချမှတ်ခံရသည့်အပေါ် နိုင်ငံတကာအဖွဲ့အစည်းများထံ အိတ်ဖွင့်စာပေးဖို့
Donate to DVB

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့အပေါ် ချင်းမိုင်တက္ကသိုလ် ကျောင်းသားကျောင်းသူများ အဖွဲ့အစည်းက ကုလသမဂ္ဂ အကြီးအကဲ၊ ၊ ထိုင်းဝန်ကြီးချုပ်၊ အမေရိကန် သံအမတ်နဲ့  နိုင်ငံတကာအဖွဲ့အစည်းတွေထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။

မနေ့ကရက်စွဲနဲ့ ပေးပို့လိုက်တဲ့စာမှာ မြန်မာစစ်တပ်ရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး နိုင်ငံသားတွေအပေါ် ရက်ရက်စက်စက်သတ်နေတာကို ကျောင်းသားတွေ၊ လူသားတွေအနေနဲ့ စိတ်မချမ်းမြေ့နိုင်ဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီအိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  ဂူတာရပ်စ် ၊ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အထွေထွအတွင်းရေးမှူးချုပ်၊ မဟီဒေါတက္ကသိုလ် လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လေ့လာမှုဌာန  ဒါရိုက်တာတို့ဆီကို လိပ်မူထားပါတယ်။

သေဒဏ်ပေးတာကို တချို့အခြေအနေတွေမှာ ဆောင်ရွက်နိုင်ပေမယ့် အခုအချိန်မှာ လူသားတွေရဲ့ အသက်ဟာ အရေးပါပြီး နိုင်ငံရေးသဘောထား ကွဲလွဲတာတွေကြောင့် မစတေးသင့်ဘူးလို့ ဆိုပါတယ်။

ပြီးတော့ စစ်ကောင်စီ လက်အောက်မှာ ရှိတဲ့ တရားရုံးတွေကနေ တက္ကသိုလ်ကျောင်းသား ၇ ယောက်အပေါ် သေဒဏ်ချမှတ်တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ တခြားသူတွေကိုလည်း သေဒဏ်ပေးတာကနေ ကင်းဝေးစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ စုပေါင်းဖိအားပေးဖို့ ၊ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို လွှတ်ပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် တရားစီရင်ရေး ကိစ္စတွေ ပွင့်လင်းမြင်သာမှုရှိစေဖို့ ခုံရုံးတွေဟာ အကျဉ်းထောင်တွေမှာ၊ စစ်တန်းလျားမှာ မလုပ်ဖို့ကိုလည်း တောင်းဆိုပါတယ်။

မြန်မာစစ်ကောင်စီကို စစ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ရပ်တန့်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေအ နေနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီတွေ ပေးပို့ရာမှာ စစ်ကောင်စီဆီက တဆင့်မဟုတ်ဘဲ မြန်မာပြည်သူတွေဆီ တိုက်ရိုက်ရောက်စေဖို့ သေချာစေအောင်လည်း သူတို့က တောင်းဆိုပါတယ်။

သေဒဏ်ချမှတ်တာဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတွေမှာ သေဒဏ်ချမှတ်တာ အမြစ်ပြတ်စေဖို့ကိုလည်း တောင်းဆိုပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချခံရမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ ပူးပေါင်းဆန့်ကျင်ဆန္ဒပြပွဲနဲ့ သရုပ်ပြပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဘုရင်သုံးပါးရုပ်တုရှေ့မှာလည်း  ဒီဇင်ဘာ ၆ ရက် ည‌နေက ပြုလုပ်ခဲ့ပါတယ်။

ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံရတဲ့ မြန်မာကျောင်းသာားတွေနဲ့ အတူရပ်တည်ကြောင်း နီပေါကျောင်းသားသမဂ္ဂရဲ့ ကျောင်းသားတွေကလည်း ထုတ်ဖော် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

သေဒဏ်ချခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် မြန်မာ လူငယ် ၁၂ ဦးကို အင်းစိန်ထောင်တွင်းမှာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ကွပ်မျက်မယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013