DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ပြည်သူ ၂ ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
December 6, 2022
ပခုက္ကူတွင် ပြည်သူ ၂ ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ခရီးသွားပြည်သူ ၂ ယောက်ကို PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့ကနေ ပခုက္ကူမြို့ဘက်ကို ထွက်လာတဲ့ အောင်တံခွန် ခရီးသည်တင်ကားတစီးကို ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက ပေါက်-ပခုက္ကူကားလမ်း ဆင်လမ်းကျေးရွာနားမှာ တားမြစ်စစ်ဆေးပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးကာ ကိုနန်းလှိုင်ထွေးနဲ့ ကိုဝင်းထက်အောင်တို့ ၂ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဆင်လမ်းကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက သူတို့နှစ်ယောက်ကို အဲဒီကားပေါ်ကနေ ဆွဲချပြီး ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကျပ်ထားပြီး ဆိုင်ကယ် ၂ ယောက်စီးနင်းတဲ့သူတွေကို ဆက်တိုက်ဖမ်းဆီးနေကာ ငွေညှစ်တာတွေ ပြုလုပ်ပြီး လက်ကိုင်ဖုန်းထဲမှာ PDF နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ရင်တော့ အမှုဖွင့်၊ တရားစွဲတင်တာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၀၄၈ ယောက်ရှိပြီး အဲဒီထဲက ၁,၆၈၁ ယောက် ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013