DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီ ပြန်လည်ခွင့်ပြုရန် ရခိုင်စစ်ဘေးရှောင်များ လိုလား
DVB
·
December 6, 2022
နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီ ပြန်လည်ခွင့်ပြုရန် ရခိုင်စစ်ဘေးရှောင်များ လိုလား
1 / 2
Donate to DVB

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) အကြား ယာယီ အပစ်အခတ် ရပ်စဲထားကြတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ပြန်ခွင့်ပြုပေးဖို့ စစ်ဘေးရှောင်တွေ မျှော်လင့်နေကြပါတယ်။

စစ်ကောင်စီက ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေကို စက်တင်ဘာ ၁၅ ရက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို သွားလာခွင့် ပိတ်ပင်ခဲ့သလို ပေါက်တောမြို့နယ်နဲ့ ကျောက်တော်မြို့နယ်တို့ကို နိုဝင်ဘာလအတွင်းမှာ ကူညီခွင့်တွေ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ အေအေတို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အပစ်အခတ် ရပ်စဲလိုက်ကြရင် စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ပြန်ကူညီပေးစေချင်တယ်လို့ ဘူးသီးတောင်မြို့ ရန်အောင်မြင် စစ်ဘေးရှောင်စခန်းမှ ဦးအောင်သိန်းလှက ပြောပါတယ်။

“အခု စစ်တပ်နဲ့ အေအေတို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အပစ်အခတ် ရပ်စဲလိုက်ကြတယ်ဆိုတော့ စစ်ဘေးရှောင်တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေကို ပြန်ပြီးတော့ ကူညီထောက်ပံ့မှုတွေ ပြန်လုပ်ကြဖို့ ခွင့်ပြုပေးစေချင်တယ်။ ကျနော်တို့ စစ်ဘေးရှောင်တွေမှာ သူတို့ရဲ့ အကူအညီတွေနဲ့ အဓိကရပ်တည်နေကြရတာ။ ထောက်ပံ့မှုတွေကို ပေးခွင့် ရပ်ခိုင်းထားတော့ စစ်ဘေးရှောင်တွေအတွက် တော်တော်လေး အခက်အခဲဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ NGO၊ INGO တွေကို ပြန်ထောက်ပံ့ခွင့်တွေ ပေးစေချင်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက အဓိက ကူညီထောက်ပံ့ပေးနေကြတာဖြစ်ပြီး အရင်ကတော့ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနကလည်း ဆန်ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေ ရပ်နားလိုက်တော့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး တော်တော်‌ေလး ခက်ခဲသွားတယ်လို့ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဦးနိုင်ထွန်းဝင်က ပြောပါတယ်။

“စစ်ဘေးရှောင်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို သွားလာခွင့် ပိတ်ပင်ထားရင် စစ်ဘေးရှောင်တွေမှာ တော်တော်‌ေလးကို အခက်အခဲတွေ ဖြစ်သွားကြတာပေါ့။ အခု စစ်ပွဲတွေ ရပ်နားထားကြ‌ေပမဲ့လည်း နေရပ်ပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ အလုပ်အကိုင်ကလည်း ပုံမှန်မရှိကြတော့ စားဝတ်နေရေးအတွက် သိပ်အဆင်မပြေဘူး။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေကြတဲ့ NGO၊ INGO တွေကို လွတ်လွတ်လပ်လပ်နဲ့ ကူညီမှုတွေ ပြုလုပ်နိုင်ဖို့ ခွင့်ပြုပေးစေချင်တယ်။”

ရခိုင်ပြည်နယ်မှာ အရင်က တိုက်ပွဲအတွင်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၇၀,၀၀၀ နီးပါး ရှိသေးသလို အခု တကျော့ပြန်တိုက်ပွဲအတွင်းမှာလည်း စစ်ဘေးရှောင် သောင်းနဲ့ချီ ရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့ လူသားချင်းစာနာထောက်ထားမှုနဲ့ အပစ်အခတ် ရပ်စပ်ခဲ့ကြ‌ေပမဲ့ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်နဲ့ NGO၊ INGO တွေရဲ့ အကူအညီပေးမှုတွေကို ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013