DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည် ၁၆၀ ပါစက်လှေ ထိုင်းပင်လယ်ပြင်ထဲ မျောပါနေ၊ ၁၀ ဦးခန့် အစာပြတ် သေဆုံး
DVB
·
December 6, 2022
ရိုဟင်ဂျာဒုက္ခသည် ၁၆၀ ပါစက်လှေ ထိုင်းပင်လယ်ပြင်ထဲ မျောပါနေ၊ ၁၀ ဦးခန့် အစာပြတ် သေဆုံး
1 / 2
Donate to DVB

ရိုဟင်ဂျာဒုက္ခသည် ၁၆၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း စက်ချွတ်ယွင်းကာ ထိုင်းပင်လယ်ပြင်ထဲမှာ မျောပါနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေနဲ့ အဆက်သွယ်ရတဲ့  ရိုဟင်ဂျာ လူငယ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူက  ဒီဗွီဘီကို ပြောပါတယ်

အဲဒီစက်လှေဟာ နိုဝင်ဘာနောက်ဆုံးအပတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ  ဒုက္ခသည်စခန်းကနေ ထွက်ခွာလာတာာဖြစ်ပြီး ထိုင်းပင်လယ်ပြင်ကို ဖြတ်သန်းစဉ် စက်ချွတ်ယွင်းသွားလို့ ပင်လယ်ထဲမှာ မျောနေတာ ၁၀ ရက်လောက် ရှိနေပြီလို့ စက်လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေက ဂြိုဟ်တုဖုန်းနဲ့ မိသားစု၀င်တွေဆီ ဆက်သွယ်ရာကနေတဆင့် သိရတာဖြစ်ပါတယ်။

စက်လှေပေါ်မှာ အစာရေစာ ပြတ်လို့ သေဆုံးသူ ၁၀ ယောက်လောက်ရှိနေပြီး ထိုင်းရေပိုင်နက်မှာ ဖြစ်တဲ့အတွက် ထိုင်းအစိုးရကိုအကူအညီတောင်းခံထားတယ်လို့ ရိုဟင်ဂျာ လူငယ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုဇာနည်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဌာနကို ဆက်သွယ်သတင်းပို့ အကူအညီတောင်းခံထားပါတယ်။

NUG အစိုးရအနေနဲ့လည်း နီးစပ်သူတွေ အကူအညီနဲ့ ထိုင်းအစိုးရကိုရော မလေးရှားအစိုးရကိုပါ ဆက်လက်အကူအညီတောင်းခံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ဒီဗွီဘီကို ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ၃ ရက်ခြား စက်လှေ ၂ စီးထွက်ခဲ့တာဖြစ်ပြီး ကျန်တစ်စီးကတော့ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း လှည်းကူးမြို့နယ်မှာ ရိုဟင်ဂျာ ၆၆ ယောက် အဖမ်းခံခဲ့ရသလို ဒီဇင်ဘာလထဲမှာတော့ မုဒုံမြို့မှာ ရိုဟင်ဂျာ ၇၈ ယောက် အဖမ်းခံခဲ့ရကာ ဒီဇင်ဘာ ၅ ရက်နေ့က လှည်းကူးမြို့နယ်ထဲမှာပဲ ရိုဟင်ဂျာ ၁၃ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ဒုက္ခသည်ခန်းတွေမှာ နေထိုင်ရတာ အဆင်မပြေတာကြောင့် စွန့်စားပြီး အခုလို ရေလမ်းခရီးကို ဖြတ်သန်းရင်း အသက်အန္တရာယ်တွေနဲ့ပါ မကြာခဏဆိုသလို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ စွန့်စားဖြတ်ကူးမှုတွေ ပိုမိုများပြားလာတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ဒီဇင်ဘာ ၂ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှ ရေလမ်းခရီးဟာ ကမ္ဘာ့အဆိုးရွားဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပြီး အခုနှစ် ဇန်နဝါရီလနောက်ပိုင်းမှာ ကပ္ပလီပင်လယ်ပြင်ကို စက်လှေတွေနဲ့ ဖြတ်ကူးခဲ့သူပေါင်း ၁၉၀၀ ကျော်ရှိခဲ့ကာ  ၂၀၂၀ ပြည့်နှစ်ထက်စာရင် ၆ ဆ ပိုများတဲ့အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013