DVB Logo
Home
မြန်မာသတင်း
သေဒဏ်ချခံရသည့် ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုစတင်
DVB
·
December 5, 2022
သေဒဏ်ချခံရသည့် ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုစတင်
1 / 4
Donate to DVB


ကျောင်းသား ၇ ယောက်အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လှုပ်ရှားမှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်နေရာမှာ လူမှုကွန်ရက်ပေါ်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လှုပ်ရှားလာနေကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းပြသတဲ့အနေနဲ့ “Stop Executing Our Students၊ Stop Executing Our Friends၊ Dagon University Students၊ Failed Law၊ Myanmar Under Death Penalty၊ We Are Under Death Penalty” အစရှိတဲ့ စာသားတွေနဲ့ Profile Photo လှုပ်ရှားမှု၊ လက်ဖဝါးမှာ စာရေးဓာတ်ပုံရိုက်တင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က “ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် ဒီမိုကရေစီအရေးအတွက်လှုပ်ရှားရင်း သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မ သေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”လို့သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။
ကျောင်းသားပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းကို Profile photo ကို ချိန်းပြီး ပြသကြဖို့တိုက်တွန်းပါတယ်။
ဒီဖြစ်ရပ်တွေရဲ့ အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် တော်လှန်ရေးကို အရှိန်မြှင့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုစစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေချမှတ်နေတဲ့အပြင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်တွေလည်း ချမှတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်က ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနဲ့ ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၃၀ ကျော် ရှိနေပြီး ဒီအထဲမှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013