DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် တရားမဝင်မြန်မာ ၂၆ ဦးနှင့် ပွဲစား ၄ ဦး အဖမ်းခံရ
DVB
·
December 5, 2022
ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် တရားမဝင်မြန်မာ ၂၆ ဦးနှင့် ပွဲစား ၄ ဦး အဖမ်းခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ထာ့ချနမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က တရားမဝင် မြန်မာနိုင်ငံသား ၂၆ ဦးနဲ့ ပွဲစား ၄ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ စူရတ်ဌာနီ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
နယ်မြေခံ လဝကရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ရပ်ရွာလုံခြုံရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာတရားမဝင်သူတွေ ဝင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရလို့ ဒီဇင်ဘာ ၃ ရက် မနက် ၉ နာရီလောက်က ထာ့ချနမြို့နယ် ဆမော်ထောင်းအုပ်စု ဖစ်ချ်ကဆဲမ်လမ်းအနီးမှာ နိုင်ငံကူးလက်မှတ်အထောက်အထားမရှိသူ မြန်မာနိုင်ငံသား ဇီအာရာမန် အပါအဝင် ၂၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၃၃ နှစ်နဲ့ ၃၉ နှစ်ကြားရှိ ထိုင်းအမျိုးသား ၄ ဦးကိုလည်း တရားမဝင် ဝင်ရောက်လာသူတွေကို ခိုလှုံခွင့်ပေးမှု ၊ အပြစ်မှလွတ်ကင်းအောင် ဝှက်ထားမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ ဘယ်ကလာလို့ ဘယ်ကိုသွားမလဲဆိုတာတော့ သတင်းမှာ အသေးစိပ် ဖော်ပြ ထားခြင်းမရှိပါဘူး။
မြန်မာပြည်ထဲမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု ၊ စီးပွားရေးကျပ်တည်းမှု၊ လုံခြုံရေးပြဿနာတွေကြောင့် မြန်မာပြည်သူအမြောက်အမြား ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်နေတာမှာ အဖမ်းခံရတာလည်း နေ့တိုင်းလိုရှိနေပါတယ်။
ဒီမတိုင်ခင် နိုဝင်ဘာ ၂ ရက် ည ၈ နာရီခွဲလောက်ကလည်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စုထဲမှာ မြန်မာဘက်ခြမ်း တာချီလိတ်မြို့နယ်ကနေ မယ်ဟုတ်ချောင်းကို ကူးဖြတ်ပြီး ထိုင်းဘက်ခြမ်းဝင်ရောက်ဖို့ ကြိုးစားသူ ၁၇ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
သူတို့တွေဟာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲကဖြစ်ပြီး ချင်းမိုင်မှာအလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ၁၈၀၀၀ ဘတ်ပေးရကာ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် လူငယ် ၂ ဦး ပါလာလို့ အဆိုပါလူငယ် ၂ ယောက်ကို မြန်မာပြည်သို့ချက်ချင်းပြန်ပို့ပြီး ကျန် ၁၅ ဦးကိုတော့ လဝက ဥပဒေနဲ့အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013