စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဇင်းရွာမှာ ဒီဇင်ဘာ ၃ ရက်က မိုင်းနင်းမိတာကြောင့် အသက် ၇၀ အရွယ် အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
သေဆုံးသွားသူဟာ ဇင်းရွာနေ ဦးတုတ်ဆိုသူဖြစ်ပြီး ပျားရှာထွက်ရင်း မိုင်းနင်းမိတာလို့ ဆိုပါတယ်။
ဒေသခံတဦးက "ဇင်းရွာက ပျူစောထီးစခန်းထိုင်ထားတဲ့ ရွာပါ။ သူတို့က ရွာလုံခြုံရေးဆိုပြီး PDF ကြောက်လို့ နင်းမိုင်းတွေ ထောင်ထားကြတာ။ တကယ်တမ်း မိုင်းနင်းမိလို့ သေတော့ အရပ်သားတွေ ဖြစ်နေတယ်" လို့ ပြောပါတယ်။
ဇင်းရွာဟာ ကန့်ဘလူမြို့နဲ့ ကောလင်းမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်ပြီး အခုဖြစ်စဥ်နဲ့ဆိုရင် ဇင်းရွာ ခြံစည်းရိုးတလျှောက် မိုင်းနင်းမိလို့ သေဆုံးခဲ့ရသူ ၄ ယောက်လောက်ရှိပြီလို့ သိရပါတယ်။