Home
မြန်မာသတင်း
ဒီပဲယင်းတွင် မူးမြစ်ကူးယာယီတံတားကျိုးကျသဖြင့် စစ်ရှောင်ပြည်သူ ၄ ဦး ရေထဲမျောပါ
DVB
·
December 4, 2022

စစ်ကိုင်းတိုင်း၊  ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက မူးမြစ်ကူးယာယီတံတား နိုဝင်ဘာ ၃ ရက် မနက်ပိုင်း က ကျိုးကျခဲ့တာကြောင့်  စစ်ရှောင် ၄ ယောက် ရေထဲမျောပါခဲ့တယ်လို့  ဒေသခံတဦးက ပြောပါတယ်။

အဲဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က ကစစ်ကြောင်းထိုးဝင်လာလို့လာတာကြောင့် ‌ဒေသခံတွေ တွေ ထွက်ပြေး တိမ်းရှောင်ရာက တံတားကျိုးကျခဲ့တာဖြစ်ပါတယ်။

မြစ်ကို ဖြတ်ကူးဖို့ ကိုယ်ထူကိုယ်ထဆောက်ထားတဲ့ အဲဒီယာယီသစ်သား တံတားဟာ အခုလို လူအများအပြား ဖြတ်ကူးချိန် ကျိုးကျခဲ့လို့  ၄ ယောက် မျောပါခဲ့တာဖြစ်ပြီး ၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဒေသခံ တဦးက "တံတားက မူးမြစ်ကို ယာယီဖြတ်ကူးနိုင်အောင် သစ်သားနဲ့ ဝါးကို သုံးပြီး ဆောက်ထားတာ။ မခိုင်တော့ ကျိုးကျလို့ ရေစီးထဲမျောသွားတာ။ ၁ ယောက်ကိုတော့ ကယ်နိုင်ပြီ လို့ သိထားတယ်။ ကျန် ၃ ယောက်အခြေနေကို မသိရသေးဘူး။" လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်ကလည်းက ရေဦးမြို့နယ်အစပ် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေပြီး ဆည်ကြီး၊ သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ ကံကုန်း၊ နများ၊ သစ်တုံ၊ မရကန် စတဲ့ရွာတွေက  ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ အခုရက်ပိုင်း ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ရေဦးနဲ့ ယင်းမာပင်ခရိုင်တွေက ကျေးရွာ တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက် လုပ်နေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024