DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
December 3, 2022
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမပေါ်မှာ  မြိတ်ကနေ ဘုတ်ပြင်းဘက်  စစ်ကူ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို  KNLA-TCSJF တပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် ညနေမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ KNLA-TCSJFအဖွဲဝင် တဦးက ပြောပါတယ်။

ရေဖြူရွာအလွန် ထုံခါရွာသင်္ချိုင်းနား (ဒေသအခေါ် မပိုက်ချောင်) ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲတွေက ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“စစ်ကောင်စီယာဉ်တန်းထဲက ပထမ ၃ စီးကို တိုက်ခိုက်တာ။ ကျန်နှစ်စီး ပြန်လှည့်သွားတယ်။ စစ်ကောင်စီဘက်ကတော့ အထိအခိုက်အကျအဆုံးများတယ်။ ကျနော်တို့ဘက်က အကျအရှုံး မရှိ ဆုတ်ခွာလာနိုင်တယ်။ ”

စစ်ကား ၅ အနက် ၃ စီး ပစ်ခတ်ခံရပြီး ချောင်းလမုဘုန်းကြီးကျောင်းဘက်ကို မောင်းသွားကာ ၂ စီးက နောက်ပြန်လှည့်ပြီး ရေဖြူဘက်ကို ပြန်သွားတယ်လို ဆိုပါတယ်။

တနင်္သာရီဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေအနေနဲ့လည်း ဒေသတွင်းတိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ ရွာတွေအနေနဲ့ စစ်ကြောင်း ဝင်လာရင် ကျေးရွာထဲမှာ မနေဘဲ ဘေးလွတ်ရာနေဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013