DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအပါအဝင် မည်သူမျှ အကြမ်းဖက်ခံရခြင်းမရှိရေး ဆက်ကြိုးပမ်းမည်ဟု အန်ယူဂျီ ဝန်ကြီးပြော
DVB
·
December 3, 2022
မသန်စွမ်းသူများအပါအဝင် မည်သူမျှ အကြမ်းဖက်ခံရခြင်းမရှိရေး ဆက်ကြိုးပမ်းမည်ဟု အန်ယူဂျီ ဝန်ကြီးပြော
Donate to DVB

အနာဂတ်မြန်မာနိုင်ငံ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်တဲ့အချိန်မှာ မသန်စွမ်းသူများအပါအဝင် မည်သူတဦးတယောက်မှ အခွင့်အရေးကို ဖယ်ရှားခံရတာ၊ ခွဲခြားခံရတာ၊ အကြမ်းဖက်ခံရတဲ့ဟာတွေ မရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အန်ယူဂျီအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်မှာ  လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်တာပါ။

မသန်စွမ်းတဲ့သူတွေဟာ မြန်မာပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသလို ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ အန်ယူဂျီ အစိုးရအနေနဲ့ မသန်စွမ်းတဲ့သူတွေအပေါ်မှာ ပတ်ဝန်းကျင်က လက်ခံထားတဲ့ ပုံသေကားချပ် အဆိုးမြင်စေတဲ့ အမြင်တွေ ပြုပြင်ပြောင်းလဲအောင် လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ တဆက်တည်းမှာလည်း မသန်စွမ်းတဲ့သူတွေက နိုင်ငံရေးအပါအဝင် လူမှုဂဏ္ဍအသီးသီးမှာ ပါဝင်လာဖို့အတွက် အထူး လုပ်ငန်းအစီစဉ်တွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ မသန်စွမ်းတဲ့သူတွေပေါ်မှာ ခွဲခြားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီးတော့ တန်းတူညီမျှမှု လူသားပီပီသသနဲ့ အခွင့်အရေးတွေ ရရှိခံစားဖို့ အထူးလုပ်ဆောင်ပေးချက်တွေ လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ တဖက်မှာလည်း စစ်အာဏာရှင်ကို တွန်းလှန်နေသလို တဖက်မှာလည်း မသန်စွမ်းသူများအပါအဝင် တခြားခွဲခြားခံ၊ ဖယ်ခြားခံနေရတဲ့ လူအုပ်စုဝင်တွေ တန်းတူ အခွင့်အရေးရရှိဖို့ နိုင်ငံ့ရဲ့အကျိုးပြုလုပ်ငန်းနဲ့ အသိုက်အဝန်းမှာ တက်ကြစွာ ပါဝင်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားပါမယ်။” လို့ ဦးအောင်မျိုးမင်းက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်  အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်တဲ့အချိန်မှာ မသန်စွမ်းသူများအပါအဝင် မည်သူတဦးတယောက်မှ အခွင့်အရေးကို ဖယ်ရှားခံရတာ၊ ခွဲခြားခံရတာ၊ အကြမ်းဖက်ခံရတဲ့ဟာတွေ မရှိဖို့အတွက်ကြိုးပန်းသွာမယ်လို့လည်း ဂတိပေး ပြောဆိုခဲ့ပါတယ်။

မသန်စွမ်းတဲ့သူများအနေနဲ့လည်း မသန်ပေမယ့်စွမ်းသောသူများအဖြစ် သက်သေပြတဲ့အနေနဲ့ စစ်အာဏာရှင်တွန်းလှန်တဲ့ နေရာမှာဖြစ်ပါစေ၊ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဖြစ်ပါစေ၊ လူမှုအသိုင်းအဝိုင်းလုပ်ငန်းတွေမှာဖြစ်ပါစေ၊ တက်ကြွစွာ ဆက်လက်ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်အပါအဝင် တချို့မြို့ကြီးတွေမှာ အားကစားပြိုင်ပွဲတွေအပါအဝင် စွမ်းရည်ပြိုင်ပွဲတွေ ပြုလုပ်ကြပါတယ်။

အန်ယူဂျီအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ပူးပေါင်းပြီးတော့လည်း  အနုပညာစွမ်းရည်ပြိုင်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အနုပညာစွမ်းရည် ပြိုင်ပွဲအမျိုးအစား (၅) မျိုးဖြစ်တဲ့  ကဗျာ၊ ကာတွန်း၊ မသန်စွမ်းသူများအား ပန်းချီ၊ ဆောင်ပါး၊ ဝတ္တုတို ပြိုင်ပွဲတွေကို ကျင်းပခဲ့ပြီး ဆုရရှိသူတွေကို ကြေညာခဲ့ပါတယ်။

ဒီနှစ် ၂၀၂၂ ခု အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ကတော့ “အသွင်ပြောင်းလဲဖြေရှင်းနည်းများဖြင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံး လက်လှမ်းမှီနိုင်သော သာတူညီမျှ ကမ္ဘာ ဖြစ်ထွန်စေဖို့ ဆန်းသစ်တီထွန်းမှု၏ အခန်းဂဏ္ဍကို တိုးမြင့်စို့” ဆိုပြီး ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013