DVB Logo
Home
မြန်မာသတင်း
တန့်ဆည်နှင့် ချောင်ဦးဒေသတွင် စစ်ကောင်စီတပ်များကို ဒေသခံ PDF ကတိုက်ခိုက်
DVB
·
December 3, 2022
တန့်ဆည်နှင့် ချောင်ဦးဒေသတွင် စစ်ကောင်စီတပ်များကို ဒေသခံ PDF ကတိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ချောင်ဦးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ကို တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့  ဒေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၂၅ နဲ့ တန့်ဆည် ပကဖ တို့ပူးပေါင်းထားတဲ့ ရန်သူ့​​သေနတ်ရရှိရေးလှုပ်ရှားမှုကို တန့်ဆည်မြို့ပေါ်မှာ ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ရာမှာ ကာဘိုင်သေနတ် တလက်၊ ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ ပျူစောထီးနှစ်ယောက်ကို ကျွဲဆွဲစာသင်ကျောင်းနားက ကန်ဘောင်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၅ က ထုတ်ပြန်ထားပါတယ်။

ပျူစောထီး တယောက်ဟာ အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပေမဲ့ နောက်တယောက်ကတော့ ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးသွားခဲ့ပြီး ပိတောက်ဝါ စတိုးဆိုင်နားမှာ သေဆုံးသွား​တယ်လို့ ဆိုပါတယ်။ 

ကာဘိုင်သေနတ်က ဒဏ်ရာရသူက ယူသွားပြီး ဖွက်ခဲ့လို့ ကာဘိုင် ကျည်ဘောက်တခုနဲ့ ကျည် ၁၄ တောင့်ပဲ ရခဲ့တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသွားသူတွေဟာ  အကုက္ကားကျေးရွာမှာ နေထိုင်တဲ့ မျိုးထွန်းနဲ့ ဉာဏ်သီးတို့ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့နယ်မှာတော့ ကင်မွန်းတော်ရွာကနေ မနေ့မနက်ပိုင်းက ထွက်လာတဲ့ ပျူစောထီး ၃ ယောက်ကို Aung San Force မုံရွာခရိုင် အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ (၃)၊ တပ်စု (၁) က ရှေ့ထွက်မိုင်းတလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ဒါကြောင့် ပျူစောထီး တယောက် နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန် နှစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းနဲ့ ထွက်ပြေးသွားတယ်လို့ Aung San Force - A.S.F ရဲ့ သတင်းနဲ့ပြန်ကြားရေးမှတ်တမ်းရုံးက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013