DVB Logo
Home
မြန်မာသတင်း
စပါးအထွက်နှုန်းကျဆင်းနေသဖြင့် ရခိုင်က လယ်သမားများ အရှုံးပေါ်
DVB
·
December 2, 2022
စပါးအထွက်နှုန်းကျဆင်းနေသဖြင့် ရခိုင်က လယ်သမားများ အရှုံးပေါ်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်မှာ အခုနှစ် စိုက်ပျိုးရာသီမှာ စပါးအထွက်နှုန်းတွေ ကျဆင်းနေတာကြောင့် ရခိုင်ပြည်နယ်မြို့နယ် အသီးသီးက လယ်သမားတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတယ်လို့ လယ်သမားတွေနဲ့ လယ်ယာလုပ်ငန်း အဖွဲ့အစည်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်စိုက်ပျိုးရာသီအတွင်းမှာ မိုးခေါင်မှုတွေကြောင့် လယ်​ယာမြေအများအပြား ပျက်စီးခဲ့သလို အောက်တိုဘာလအတွင်းက မုန်းတိုင်းဒဏ်ကြောင့်လည်း ဆားတက်ပြီးတော့ လယ်ယာမြေတွေ ပျက်စီးခဲ့ကြရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ် စပါးအထွက်နှုန်ဟာ အရင်နှစ်တွေထက် ထက်ဝတ်နှုန်းလောက် ကျဆင်းခဲ့လို့ အများစုက အရှုံးပေါ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမား ဦးအောင်လှသံက ပြောပါတယ်။

"ဒီနှစ်စပါး အထွက်နှုန်းက ပြီးခဲ့တဲ့နှစ်တွေထက် တဝက်လောက်ကျသွားတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက လယ်တစ်ဧက စပါးတောင်း ၂၀၀ လောက်ထွက်ပေမယ့် ဒီနှစ်မှာ ၁၀၀ လောက်သာ ထွက်တော့တယ်။ ၁၀၀ အောက်ရောက်သွားတဲ့ သူတွေလည်းရှိကြတယ်။ ကျနော်တို့မှာ ဓာတ်မြေသြဇာဖိုးနဲ့ စက်သုံးဆီဖိုးနဲ့ လုပ်အားခတွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ သူတွေကြီးပဲ။ ငွေကြေးတတ်နိုင်တဲ့ သူကခံနိုင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ သူတွေကတော့ အကြွေးတင်သွားကြရပြီ။”

ရခိုင်ပြည်နယ်က လယ်သမားတွေအရှုံးပေါ်လို့ လာမယ့် စိုက်ပျိုးရာသီအတွက် လယ်ယာကို စွန့်ခွာဖို့ရှိတယ်လို့ ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးစိုးနိုင် ကပြောပါတယ်။

" ဒီနှစ်က စပါးအထွက်နှုန်းက တော်တော်လေးကို ကျသွားတော့ လယ်သမားတွေ အကုန်လုံးက အရှုံးပေါ်နေကြရတယ်။ တချို့တွေဆိုရင် နောက်နှစ်မှာ စပါးပျိုးဖို့ အရင်းနှီးမရှိတော့တဲ့ အခြေအနေဖြစ်သွားပြီး လယ်တွေကို အခုကတည်းကနေ စွန့်ဖို့ပြောနေကြပြီ။”

ရခိုင်ပြည်နယ်မှာ အနှစ်အတွင်းမှာ စပါးအထွက်နှုန်း ကျဆင်းနေတာကြောင့် ပြည်သူ ၃ သန်းရဲ့ စားနပ်ရိက္ခာဖုံလှုံမှု အပြည့်မရနိုင်ဘူးလို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံကပြောပါတယ်။

"အစိုးရရဲ့ စာရင်းတွေ အရစိုက်ပျိုးဧကက ၁၀ သိန်း ၄ သောင်းကျော်ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ မြေပြင်မှာ ကျနော်တို့ ကောက်ယူထားတဲ့ စာရင်းအရ ၈ သိန်းခွဲပဲ ရှိနေတယ်။ ဧက ၂ သိန်းလောက်ကွာနေကြတယ်။ နောက်အစိုးရရဲ့ ထုတ်ပြန်ချက်အရ တစ်ဧက စပါးထွက်နှုန်းက ၆၅ တင်းလောက်ထွက်တယ်လို့ဆိုထားတယ်။ အဲဒီစာရင်းအရဆိုရင်တော့ စပါးတင်းသန်းပေါင်း ၇၂၀ ကျော်ထွက်တယ်လို့ဆိုထားတယ်။ အဲဒီအထွက်နှုန်းအရဆိုရင် ရခိုင်ပြည်နယ်ရဲ့ လူဦးကျော် ၃ သန်းကျော်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာက စပါးတင်းသန်းပေါင် ၅၂၀ လောက်ဆိုရင် လုံလောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကောက်ယူထားတဲ့ မြေပြင်စာရင်းတွေအရဆိုရင် တစ်ဧက ၄၅တင်းပဲ ထွက်ကြတော့ ဧက ၇ သိန်းခွဲက စပါးတင်းသန်းပေါင် ၃၄၀ ကျော်လောက်ပဲထွက်တယ်။ ဆိုတော့ ပြည်သူ ၃ သန်းရဲ့ စားနပ်ရိက္ခာဖုံလှုံဖို့အတွက်က နောက်ထပ် စပါးတင်းသန်းပေါင်း ၁၇၀ လောက်လိုအပ်မှုတွေရှိနေသေးတယ်။”

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ လယ်စိုက်ပျိုးဧက ၈ သိန်းခွဲခန့်ရှိခဲ့ပြီး မိုးခေါင်မှုနဲ့ ဆားတက်မှုတွေကြောင့် ပျက်စီးဧက ၁ သိန်းခွဲ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့အကြား ၄ လကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ထားချိန်မှာ အေအေ တပ်ဖွဲ့တွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ လယ်ယာတွေကို ကူညီရိတ်သိမ်းပေးနေ ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013