DVB Logo
Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချသည့်အပေါ် ကျောင်းသားသမဂ္ဂ ၂၀၀ ကျော် ကန့်ကွက်
DVB
·
December 2, 2022
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချသည့်အပေါ် ကျောင်းသားသမဂ္ဂ ၂၀၀ ကျော် ကန့်ကွက်
Donate to DVB

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်က သေဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ ရာဇဝတ်မှုကို ထပ်မံကျူးလွန်လိုက်တာဖြစ်ကြောင်းနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတဝန်းရှိ ကျောင်းသားသမဂ္ဂ ၂၀၀ ကျော်က ထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုအနေနဲ့ ပြိုကျပုပ်သိုးနေတဲ့ တရားရုံး၊ တရားဥပဒေကို အသုံးချပြီး လူသတ်ဖို့ ကြိုးစားနေတာသာဖြစ်ပြီး  ဒီစီရင်ချက်ကို လုံးဝ လက်မခံကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လူသတ်ယန္တရားတွေ ဆက်လက် မလည်ပတ်နိုင်စေရေး ပိုမိုအားစိုက် အရေးယူ ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

ကျောင်းသားပြည်သူတရပ်လုံးအနေနဲ့လည်း အကြောက်တရားကို အန်တုကျော်လွှားပြီး မတရားဖိနှိပ်ခံနေရတဲ့ ကျောင်းသားတွေနဲ့ ပြည်သူအတွက် တော်လှန်ရေးကို ပိုမိုအရှိန်မြင့် ပါဝင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မတရားစီရင်ချက်ချခံထားရတဲ့ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့နဲ့အတူ ကျောင်းသားသမဂ္ဂတွေ တသားတည်း ရပ်တည်ပြီးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း ကျောင်းသားတွေကို သေဒဏ်ချမှတ်တာဟာ စစ်အုပ်စုကို ဆန့်ကျင်သူမှန်သမျှအပေါ် အလုံးစုံ ပျက်သုဉ်းတဲ့အထိ ကလဲ့စားချေလိုတဲ့ အဓမ္မလုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ လူသားတယောက်ရဲ့ အသက်ရှင်နေထိုင်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ အကြမ်းဖက်မှု ကျူးလွန်နေတာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တရားစီရင်ရေးအမိန့်မှန်သမျှဟာ တရားဝင်မှုမရှိကြောင်းနဲ့ သေဒဏ်ချမှတ်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲ၊ အကျဉ်းဦးစီးနဲ့ တရားရေးဌာနမှ စစ်ကောင်စီလက်အောက်ခံအားလုံး တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို အကြမ်းဖက်စစ်အုပ်စု ပြိုကျပျက်သုဉ်းရေးအတွက် တိုက်ပွဲနည်းနာမျိုးစုံကို အသုံးပြုပြီး အစွမ်းကုန်တော်လှန်တိုက်ပွဲဝင်ခြင်းဖြင့် လက်တုံ့ပြန်မယ်လို့ ကျောင်းသား သမဂ္ဂတွေက ထုတ်ပြန်ထားပါတယ်။   

အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ကျောင်းသားပြည်သူတွေအပေါ် ရက်ရက်စက်စက် ညှဉ်းဆဲသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လက ဒီမိုကရေစီလှုပ်ရှားသူ ၄ ယောက်ကို ကြိုးပေးကွပ်မျက်ခဲ့သလို အခု အချိန်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးအကျဥ်းချထားခံရသူ ၁၃၀၀၀ ကျော်နဲ့ သတ်ဖြတ်ခံရသူ ကျောင်းသားပြည်သူ ၂၅၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013