DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် စစ်ကောင်စီတပ်ကို PDF အမျိုးသမီးကွန်မန်ဒိုများ တိုက်ခိုက်
DVB
·
December 2, 2022
မြင်းမူတွင် စစ်ကောင်စီတပ်ကို PDF အမျိုးသမီးကွန်မန်ဒိုများ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီဇင်ဘာ ၁ ရက် မနက် ၁၁ နာရီလောက်က ‌ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Moe Nyo Revolation Force (MNRF) ရဲ့ အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ပါတယ်။

ဗုံးဟာ ကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ နေရာအနီးဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေကိုတော့ မသိရှိရသေးဘူးလို့ Moe Nyo Revolation Force မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

“အမျိုးသမီးအထူးတပ်ဖွဲ့ဖြစ်တဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တာ။ လျက်ဆားပုလင်း (ဗုံး) က သူတို့ရှိရာဘက် ကျကွဲတယ်ဆိုတာတော့ အတည်ပြုနိုင်ပါတယ်။ လက်ရှိမှာ အထိအခိုက် အသေအပျောက် အခြေအနေကိုတော့ စုံစမ်းနေဆဲပါ။”

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးကွန်မန်ဒိုအဖွဲ့ကို လိုက်လံပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရ ကျဆုံးမှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

Moe Nyo Revolution Force ခေါင်းဆောင် မိုးညိုက “ကျနော်တို့ မိုးညိုတပ်ရဲ့ အမျိုးသမီး ကွန်မန်ဒိုတွေက လျက်ဆားပုလင်း (ကေအိုင်အေထုတ် လက်ပစ်မိုင်း) နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်(--)တွေက ကျောင်းထဲမှာ စခန်းချတယ်။ ကျောင်းရှေ့ ကျောက်တိုင်ကနေပြီး ယောက်ျားလေး ဆိုင်ကယ် နှစ်ယောက်စီးတွေကို တားစစ်တယ်၊ ငွေညှစ်တယ်၊ လမ်းသွားလမ်းလာတွေကိုလည်း မထင်ရင် မထင်သလို ဖမ်းဆီးရိုက်နှက်တာမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကြောင့် သွားရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်။”

အခုလို အမျိုးသမီးကွန်မန်ဒိုတွေ မစ်ရှင်က ပထမဆုံးဖြစ်ပြီး နောင်မှာလည်း အလားတူ တိုက်ခိုက်မှုတွေ အများကြီးဆက်လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

“နောက်ပိုင်းမှာလည်း အမျိုးသမီးကွန်မန်ဒိုတွေအနေနဲ့ မစ်ရှင်တွေ အများကြီးရှိဦးမှာပါ။ ပြည်သူလုထုကို ကျနော်ပြောချင်တာက စစ်(--)တွေ တပ်စွဲထားတဲ့ နေရာတွေနားမှာ မနေဖို့၊ စစ်(--)တွေထိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေမှာ အတူမထိုင်ဖို့၊ ပြည်သူကားသမားတွေ အနေနဲ့လည်း သူတို့ယာဉ်တန်းတွေနဲ့ အနည်းဆုံး ပေ ၅၀ လောက်အကွာကနေ မောင်းနှင်ကြဖို့ ပြောချင်ပါတယ်” လို့ Moe Nyo Revolution Force ခေါင်းဆောင် မိုးညိုက ဆက်ပြောပါတယ်။

အဆိုပါ ကျောင်းဝင်းအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၃၃၊ နမခနဲ့ အရာတော်တပ်တွေ ပေါင်းစုတပ်စွဲထားတာဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် မြေ‌ပြင်အနေအထားအရ ထိခိုက်ကျဆုံးစာရင်း အတိအကျရရှိဖို့ ခက်ခဲပေမဲ့ မြင်းမူဆေးရုံကို လူနာတွေ ရောက်ရှိလာတဲ့အတွက် အထိအခိုက်ရှိနိုင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကလည်း မြင်းမူမြို့နယ် တောချောင်းဦးနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013