DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ် ထမင်းမစားရွာက စစ်ကောင်စီတပ်စခန်းကို PDF ဝင်တိုက်
DVB
·
December 2, 2022
ပုလောမြို့နယ် ထမင်းမစားရွာက စစ်ကောင်စီတပ်စခန်းကို PDF ဝင်တိုက်
Donate to DVB

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်လောက်နဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက စခန်းချထားတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ် ထမင်းမစားကျေးရွာထဲက စစ်ကောင်စီတပ်စခန်းတခုကို ဒီဇင်ဘာ ၁ ရက်နေ့ နေလယ် ၁၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်က ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၇ ဦးလောက် သေဆုံးနိုင်ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် တိုက်ပွဲအပြီး နယ်မြေရှင်လင်းစဥ် MA 1 အမျိုးအစား သေနတ်တလက်နဲ့ ကျည်ဘောက် ၅ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

တိုက်ပွဲအပြီး ညနေ ၅ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းကို စွန့်ခွာသွားပြီး ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရေးပေါ်ကားတွေနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စစ်ကောင်စီတပ်စခန်းအနီး နယ်မြေရှင်းလင်းမှုတွေပြုလုပ်ပြီး ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းကို ဆုတ်ခွာသွားပြီးနောက် ၅ မိုင်လောက်အကွာမှာရှိတဲ့ ပြည်ခြားကျေးရွာရှိ စစ်ကောင်စီတပ် အမြောက်တပ်ရင်းကနေ ထမင်းမစားကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာရှိပြီး လက်ရှိမှာတော့ နေအိမ်ပြန်လာနေကြပြီလို့ သိရပါတယ်။

ပုလောမြို့နဲ့ ၁၂ မိုင်လောက်အကွာ ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာရှိတဲ့ ထမင်းမစားကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် မန​က်ပိုင်း​ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းချနေရာယူထားတဲ့ ထမင်းမစားကျေးရွာအနီးက တောင်ကုန်းတခုကို စစ်ကောင်စီတပ်ဘက်က လာရောက်တိုက်လိုက်ခဲ့ပေမယ့် မသိမ်းပိုက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း  ကျွန်းစုမြိုနယ်၊ ဂျိုးတောင်ရွာနားမှာ နိုဝင်ဘာ ၂၉ ရက်မနက်ပိုင်းက စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ် ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းကာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူကာကွယ်ရေး တပ်မတော်တပ်ရင်း ၂၊ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုးက ပြောပါတယ်။

“စစ်ကောင်စီတပ်၊ပျူစောထီးပူးပေါင်းတပ်ဖွဲတွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲတွေ ဂျိုးတောင်ရွာနားမှာ  တိုက်ပွဲဖြစ်ခဲ့တယ်။ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စကစနဲ့ ပျူစောထီးပူးပေါင်းအဖွဲတွေဘက်က ၄ ယောက်  ပွဲချင်းပြီး သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။”

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲဝင်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန် ပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးခဲ့သလို နိုဝင်ဘာ ၂၆ ရက် တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က  ၆ ယောက် သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း -၂ ကဆိုပါတယ်။

ပြည်သူ့ကာကွယ်တပ်မဟာမိတ်ပူးပေါင်းတပ်က ရဲဘောဒေါင်းမင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013