DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ရဲစခန်းရှေ့ဖြတ်သွားသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
DVB
·
December 1, 2022
အင်းတော်တွင် ရဲစခန်းရှေ့ဖြတ်သွားသည့် အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ  နိုဝင်ဘာ ၂၉ ရက်ညက ရဲစခန်းရှေ့ ဖြတ်သွားတဲ့  အမျိုးသားတဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အောင်မေတ္တာရပ်ကွက် မြို့မရဲစခန်းရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ အမျိုးသားတဦးကို ရဲတွေက သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတဦးက “ည ၇ နာရီလောက်ပဲ ရှိသေးတယ်။ ဆိုင်ကယ်နဲ့ ရဲစခန်းရှေ့က ဖြတ်သွားတာကို လှမ်းပစ်တာ။ နှစ်ချက်။ ဆိုင်ကယ်လဲသွားပြီး ရဲစခန်းထဲ ဒရွတ်တိုက် ဆွဲခေါ်သွားတယ်။ ဘယ်သူလဲဆိုတာတော့ မသိသေးဘူး။ မနက်မှ သေချာသိရမယ်” လို့ ပြောပါတယ်။

ရဲစခန်းရှေ့က ဆိုင်ကယ်ဖြတ်သန်းမောင်းနှင်လို့ သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ နန်ကင်ကျေးရွာကနေ အင်းတော်မြို့ကို နာရေးကိစ္စနဲ့လာတဲ့ အသက် ၆၀ ဝန်းကျင်အရွယ် ဦးဆက်အောင် ဆိုသူဖြစ်ပြီး အင်းတော်ရဲစခန်းအရှေ့အရောက်မှာ သေနတ်နဲ့ နှစ်ချက် အပစ်ခံခဲ့ရလို့ လက်မောင်းမှာ ကျည်ထိမှန်ဒဏ်ရာရပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာတော့ စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူနေစဉ် စစ်ဆေးဖို့ ဆိုင်ကယ်ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးတလုံးနဲ့အတူ PDF တဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013