DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
DVB
·
December 1, 2022
ဖရူဆိုတွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်
1 / 2
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့ လောဘူးဒါးရပ်ကွက်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တရက်တည်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF တပ်ရင်း-၄ က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က လောဘူးဒါးရပ်ကွက်အတွင်းကို KNDF B04 နဲ့ Hpruso PDF တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြုလုပ်စဥ် စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့ကာ နေ့လယ် ၁၂ နာရီနဲ့ ညနေပိုင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ ဖရူဆိုမြို့ အနီးဝန်းကျင်ရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး မြို့တွင်းမှာလည်း ကင်းပုန်းတွေဝပ်ကာ တွေ့သမျှ ရမ်းသန်း ပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အသိပေး ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီပြည် ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးအခြေအနေ တင်းမာနေပြီး ကူးသန်းသွားလာနေတဲ့ ပြည်သူတွေ၊ ဒေသခံတွေအနေနဲ့ စစ်ရေးအသိ သတိရှိကြဖို့နဲ့  လတ်တလော လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိတဲ့လို့ သတိလက်လွတ် အသွားအလာ မပြုလုပ်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗဟိုက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013