DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က စိတ်ကြွမူးယစ်ဆေးများ ဆက်တိုက်ဖမ်းဆီးရမိ
DVB
·
December 1, 2022
ကရင်နီပြည်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က စိတ်ကြွမူးယစ်ဆေးများ ဆက်တိုက်ဖမ်းဆီးရမိ
Donate to DVB

ကယား(ကရင်နီ)ပြည်အတွင်းက စစ်အာဏာရှင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးနယ်မြေတွေအတွင်းမှာ ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP)နဲ့ ပူးပေါင်းအဖွဲ့က ဒီလပိုင်းအတွင်း မူးယစ်ဆေးဝါးတွေနဲ့ တရားခံတွေကို ဆက်တိုက်ဖမ်းဆီးရမိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ KNDF- CDM တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာတာဝန်ခံတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေရာမှာ ရောင်းဝယ်ဖောက်ကားသူ၊ လက်ဝယ်ထားရှိသူတွေနဲ့အတူ WY စာတန်းပါ ပန်းရောင်မူးယစ်စိတ်ကြွဆေးဝါးတွေ ဆက်တိုက်ဖမ်းမိနေတာပါ။

နိုဝင်ဘာ ၂၈ က KSP အမှတ်(၇)ရဲစခန်းအဖွဲ့ဝင်တွေက စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရှောင်တခင်စစ်ဆေးစဉ် တရားခံနှစ်ဦးနဲ့အတူ WY စာတမ်းပါ ပန်းရောင်မူးယစ်ဆေးဝါး ၁၁၀ ပြားနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်ကလည်း ကရင်နီပြည်ရဲ၊ ညောင်ပင်လုံခြုံရေးရဲကင်းနဲ့ ပူးပေါင်းအဖွဲ့ဟာ စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာမှာ WY စာတန်းပါ ပန်းရောင်မူးယစ်ဆေးဝါး ၂၅၈၀ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့အနေနဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတဲ့အပြင် ဒေသတွင်း မူးယစ်ဆေးဝါးအန္တရာယ်လျှော့ချနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲလည်း လစဉ်ပြုလုပ်နေပါတယ်။

ကရင်နီပြည်ရဲတပ်ဖွဲ့ကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ အာဏာဖီဆန် CDM ရဲဝန်ထမ်းတွေနဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ စတင်အခြေပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

KSP ရဲ့ တနှစ်ကျော်ကာလအတွင်း အမှုပေါင်း ၂၃၅ မှုကို နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့အညီ အရေးယူဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013