နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ၅ ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ယာဥ်ထိန်းရဲကင်းမှာ ဒီဇင်ဘာ ၁ ရက် ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ခေါင်းဆောင်အချို့ လမ်းကြောင်းရှိတဲ့အတွက် ဒီကနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ စစ်တပ်နဲ့ရဲတွေ လုံခြုံရေးယူနေတဲ့ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗုံးပေါက်တာတော့ အသံအကျယ်ကြီးပဲ ယာဥ်ထိန်ရဲကင်းမှာပေါက်တာ။ စစ်တပ်ရော ရဲရော အကုန်လိုက်ရှာတာ ဒဏ်ရာရတဲ့သူလည်းရှိတယ်။ ကနဦးသိတာ ယာဥ်ထိန်းရဲတဦး ဒဏ်ရာရတယ်လို့ သိရတယ်”လို့ ရှင်းပြပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် အဆိုပါနေရာမှာပင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်မံတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်တွေက အကာအရံများပြုလုပ်ကာ ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လတ်လောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ကားနဲ့ဆိုင်ကယ်တွေကိုစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ အခုရက်ပိုင်းအတွင်း ရုရှားနဲ့စစ်တပ် တွေ့ဆုံမှုတွေရှိတဲ့အတွက် စစ်ကောင်စီတပ်နဲ့ရဲတွေကို လူစည်းကားရာ နေရာတွေကို လုံခြုံရေးအပြည့်ချထားတယ်လို့ နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းကသိရပါတယ်။