Home
မြန်မာသတင်း
ဒုဌဝတီမြစ်အတွင်း ရေဆင်းချိုးသည့် လူငယ် ၁ ဦး ရေနစ်သေဆုံး
lusane
·
November 30, 2022
317730630_1170511977174664_7568479195276598815_n

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်ကိုင်းကျေးရွာအနီး ဒုဌဝတီမြစ်အတွင်း နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က လူငယ်တဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးက သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးသူက အသက် ၂၁ နှစ်။ ပြည်ကြီးတံခွန် ထိန်ကုန်းဘက်ကတဲ့။ ရေကစားရင်းနဲ့ ရေနစ်ပျောက်ဆုံးသွားတာကို အသင်းကို ဆက်သွယ်လာလို့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့တယ်” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ရေနစ်သူ အမျိုးသားကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း - မန္တလေးတိုင်းဒေသကြီးရဲ့ Rescue Diver Team (Myanmar) က ရှာဖွေရာ ရှာဖွေချိန် ၁၃ မိနစ်မှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024