Home
မြန်မာသတင်း
စစ်တွေ-ပေါက်တော-မင်းပြား ရွှေပြည်တန်အမြန်ရေယာဥ်လိုင်း ပြန်လည်ပြေးဆွဲမည်
DVB
·
November 30, 2022

တလကျော်ကြာ ပိတ်ထားခဲ့ရတဲ့ စစ်တွေ-ပေါက်တော-မင်းပြား ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ် တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒီဇင်ဘာ ၁ ရက်နေ့ မနက်ကစပြီး ပြန်လည်ပြေးဆွဲသွားမှာ။ စစ်တွေ-ပေါက်တော-မင်းပြားကို တနေ့ ၂ ကြိမ် ပြေးဆွဲသွားမှာ။ စစ်တွေ-ပေါက်တော သီးသန့်လိုင်းကိုလည်း တရက် ၂ ကြိမ် ပြန်ပြေးဆွဲသွားမှာပါ။”

ရခိုင်ပြည်နယ်အတွင်း စစ်တွေ-တောင်ကုတ်လိုင်းကလွဲလို့ စစ်တွေကနေ မြို့နယ်အသီးသီးကို ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေ အားလုံးကို အောက်တိုဘာ ၁၈ ရက်ကစပြီး ရက်အကန့်အသတ်မရှိ စစ်ကောင်စီက ထပ်မံပိတ်ထားခဲ့တာပါ။

ရွှေပြည်တန် အမြန်ရေယာဥ်လိုင်းတွေဟာ အရင်က စစ်တွေ - ကျောက်ဖြူ - ရမ်းဗြဲ - ကျောက်နီမော် - တောင်ကုတ် - မာန်အောင်၊ စစ်တွေ- ပေါက်တော - မင်းပြား - မြောက်ဦး၊ စစ်တွေ - ရသေ့တောင် - ဘူးသီးတောင် စတဲ့လိုင်းတွေ ပြေးဆွဲခဲ့ပေမဲ့ မြောက်ဦးလိုင်းတော့ ပြန်လည်ပြေးဆွဲခွင့် မရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

"”ရေလိုင်းအားလုံးကို ပြန်လည်ပြေးဆွဲခွင့် မပြုသေးဘူးဗျ။ မြောက်ဦးလိုင်းကို ပြေးဆွဲခွင့် မပြုသေးဘူး။”

ရခိုင့်တပ်တော် ULA/AA နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာ ၂၆ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းတွေကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ရေကြောင်းဦးစီးဌာနက ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး အခုတဖန် စစ်တွေ-ပေါက်တော-မင်းပြား ရေကြောင်းလိုင်းတွေ ပြန်ဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024