DVB Logo
Home
မြန်မာသတင်း
သိမ်ဇရပ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ
DVB
·
November 30, 2022
သိမ်ဇရပ်ရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်ကောင်စီ ရဲစခန်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီး ၄၀ မမ ပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်က ဦးကျော်တင့် နေအိမ်အပေါ် ကျရောက် ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကျော်တင့်ရဲ့ အသက် ၈ နှစ်အရွယ် သားဖြစ်သူ မောင်မြင့်မြတ်နဲ့ ညီအစ်ကိုတဝမ်းကွဲ တော်စပ်သူ အသက် ၈ နှစ်အရွယ် မောင်သန့်ဇင်တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာပါ။

လက်နက်ကြီးကျည်စ ထိမှန်ခဲ့တဲ့ ကလေးငယ် ၂ ဦးဟာ သိမ်ဇရပ်ဆေးရုံမှာ တက်ရောက်ကုသနေပေမယ့် မောင်သန့်ဇင်ကတော့ စိုးရိမ်ဒဏ်ရာကြောင့် ပဲခူးမြို့ဆေးရုံကို ပြောင်းရွှေ့ကုသနေရတယ်လို့ KNU က ဆိုပါတယ်။

“ဒီလို လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တာက သူတို့ လုပ်နေကျ အလုပ်တွေပဲ၊ အရပ်သားတွေကို တမင်ခြိမ်းခြောက်ပြီး လုပ်နေတာ၊ ဒီအပေါ်မှာ မှတ်ချက်မပေးလိုတော့ဘူး”လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က DVB ကို ပြောပါတယ်။

စစ်ကောင်စီ သိမ်ဇရပ် ရဲစခန်းနဲ့ သိမ်ဇရပ်အမြောက်တပ်တွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မကြာခဏ ဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက်လှုပ်ရှားနေတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013