DVB Logo
Home
မြန်မာသတင်း
ကလေး PDF အဖွဲ့မှ အမျိုးသမီးဆေးတပ်သား ၉ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်စီချ
DVB
·
November 30, 2022
ကလေး PDF အဖွဲ့မှ အမျိုးသမီးဆေးတပ်သား ၉ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်စီချ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမျိုးသမီး ဆေးတပ်သား ၉ ယောက်ကို အောက်တိုဘာလထဲမှာ ကလေးထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၂ နှစ်စီ အမိန့်ချလိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေနဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ နီးစပ်သူတဦးက “နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(က) နဲ့က ၂ နှစ်၊ အကြမ်းဖက်ဥပဒေပုဒ်မနဲ့က ၁၀ နှစ်၊ ပေါင်း ၁၂ နှစ် အလုပ်နဲ့ထောင်ဒဏ် အမိန့်ချလိုက်တာ၊ ဟုတ်တယ်” လို့ ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က အဖမ်းခံခဲ့ရပြီး တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) တို့နဲ့ ကလေးအကျဉ်းထောင်မှာ ချုပ်‌ေနှာင်တရားစွဲခံခဲ့ရကာ ထောင်တွင်းတရားရုံးကနေ ၁ နှစ်ခန့်ကြာ အမှုစစ်ဆေးပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလထဲမှာ သူတို့ကို အလုပ်နဲ့ထောင်ဒဏ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၉ ဦးမှာ အသက် ၁၈ နှစ်ကနေ ၂၀ ဝန်းကျင်ရှိ ချင်းတိုင်းရင်းသူ မန်လွန်းဒိမ်း၊ ညောင်ဒွန့်ကျင်၊ မားလ်ဆောမ်ဒေါင်းအီး၊ လားလ်တန်လွေးအီ၊ ဇမ်ဇိုးဇာမ်၊ လားလ်လွန်စန်းအီး၊ လားလ်မွမ်းကိမ်းအီး၊ ဗန်လားရွန်းအီးနဲ့ မလားလ်ပျန်းဖဲလ်အီးတို့ ဖြစ်‌တယ်လို့ မိသားစုအသိုင်းအဝိုင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013