DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် စစ်ကောင်စီတပ်က လူနေခြံဝင်းများအတွင်း မြေမြှုပ်မိုင်းထောင်
DVB
·
November 29, 2022
ကန့်ဘလူတွင် စစ်ကောင်စီတပ်က လူနေခြံဝင်းများအတွင်း  မြေမြှုပ်မိုင်းထောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာတရွာကို နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ကာ ရွာတွေကို မီးရှို့ပြီး လူနေအိမ်ခြံဝင်းတွေထဲ  မြေမြှုပ်မိုင်းထောင်ထားတာတွေကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “အိမ်မီးရှို့ခံရလို့ စိတ်ဆင်းရဲနေရပါတယ်ဆို ရွာထဲပြန်‌ရောက်တော့လည်း မိုင်းအန္တရာယ်ကပါ ကြောက်နေရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်ကလည်း ပင့်သာရွာထဲက အိမ်ဝင်းထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသလို နိုဝင်ဘာ ၂၃ ရက်ကလည်း ပင့်သာရွာထဲမှာပဲ မြေမြှုပ်မိုင်းတလုံး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

တွေ့ရတဲ့ မိုင်းအမျိုးအစားတွေဟာ M-14 လူသတ်နင်းမိုင်း အမျိုးအစားဖြစ်တယ်လို့ CDM စစ်သားတဦးက ပြောပါတယ်။

“လူနေအိမ်ခြံဝင်းတွေထဲမှာ မိုင်းထောင်တာက တော်လှန်ရေးရေသောက်မြစ်ကို ဖြတ်ချင်လို့ မိုင်းတွေထောင်ထားခဲ့တာ။ မိုင်းအမျိုးအစားတွေဟာ M-14 လူသတ်နင်းမိုင်း အမျိုးအစားဖြစ်ပြီး ရန်သူဝင်လာနိုင်တဲ့လမ်းနဲ့ လူကင်းမချနိုင်တဲ့ နေရာတွေမှာ မိုင်းနဲ့ကာထားတဲ့ပုံစံ အသုံးပြုတာဖြစ်တယ်။”

အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကန့်ဘလူမြို့နယ် ကျွန်းလှနယ်မြေအတွင်း ၁ လနီးပါး စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ပြည်သူအများအပြား စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013