Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာမီးရှို့၊ နေအိမ် ၁၂ လုံး မီးလောင်ပျက်စီး
DVB
·
November 29, 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုက ငြိမ်းချမ်းမြိုင်ရွာ နေအိမ်တွေကို စစ်ကောင်စီတပ်က  နိုဝင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဝင်ရောက် မီးရှို့တာကြောင့်   နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ငြိမ်းချမ်းမြိုင်ရွာရှိ ကေအန်ယူ စခန်းကုန်းကို မီးရှို့တဲ့အပြင် ရွာသားတွေကိုလည်း ရွာ အပြင်ကို မပေးသွားဘဲ ဆက်လက်ဖမ်းဆီးထားပြီး လတ်တလော  အဆက်သွယ်လည်း မရဘူးလို့ အဲဒီရွာသားတွေနဲ့ ဆွေမျိုးတော်စပ်သူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်တွေက စစ်တပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလာခဲ့ပြီးနောက် စစ်ရေးတင်းမာကာ စစ်တပ်က  ရွာနေအိမ်တွေကို မီးစတင်ရှို့ လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

နောက်ဆုံးအခြေအနေမှာတော့  တောင်ကလေး ကျေးရွာအုပ်စုက စပြီး ကရင်ကျေးရွာတွေ ဘက်ကို စစ်တပ် အင်အားအလုံးအရင်းနဲ့ ရွာတွေမှာ တပ်ဖြန့် ပိတ်ဆို့ထားလို့ တရွာနဲ့ တရွာ အဆက်အသွယ် လုပ်မရဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ စစ်ကောင်စီတပ်ဟာ အထိခိုက်အကျဆုံးများ လာတာနဲ့အမျှ  ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်နေတာတွေလည်း ရှိနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024