ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
May 15, 2014
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မူအစည်းအဝေးကို တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်မှာ ဒီနေ့ မနက် ၉ နာရီက စတင်ကျင်းပနေပါတယ်။
အစည်းအဝေးကို ဒိန်းမတ်နိုင်ငံအခြေစိုက် ပါတီနှင့်ဒီမိုကရေစီ ဆိုင်ရာအင်စတီကျူ DIPD နှင့် မြန်မာပါတီစုံ ဒီမိုကရေစီအစီအစဉ်က စီစဉ်တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီ ၆၀ ကျော် တက်ရောက်ကြပါတယ်။ (ဓာတ်ပုံ - ထွန်းထွန်းသိန်း)
[gallery ids="56622,56623,56624"]