DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး၂ ဦးအပါအဝင် ဒေသခံအချို့ ဒဏ်ရာရ
DVB
·
November 28, 2022
ကလေးမြို့တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး၂ ဦးအပါအဝင် ဒေသခံအချို့ ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေး-ရာဇဂြိုဟ်လမ်းမရှိ ဒိုးဝိုင်းချောင်းသုသာန်အနီး လူနေရပ်ကွက်ထဲကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းနဲ့  ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်  ၂ ယောက်နဲ့ သက်ကြီးရွယ်အိုအပါအဝင် အနည်းဆုံး ဒေသခံ ၅ ယောက်လောက်  ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီနေ့ မနက်က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တာဟန်းရပ်ကွက် YCW ကိုယ်ပိုင်အထက်တန်းကျောင်းနားက 3S ဆီဆိုင်ရှေ့ကို  ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက် ပါးနဲ့  နောက်ကျောတို့မှာ ဒဏ်ရာတွေရသွားပါတယ်။

အလားတူ ညနေပိုင်းမှာလည်း အဲဒီလမ်းမပေါ်ရှိ ရသာစုံအဖျော်ယမကာဆိုင်အနောက်ဘက် နေအိမ်တလုံးပေါ် ကျည် နှစ်လုံး ထပ်မံကျရောက်ခဲ့လို့ အသက် ၁၁ နဲ့ ၁၃ နှစ်အရွယ် ကလေးငယ် နှစ်ယောက်နဲ့ အသက် ၈၀ ကျော် အဘွားအိုတယောက်တို့ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ထိမှန်ခဲ့ပျက်စီးခဲ့တယ်လို့  ဒေသခံ တဦးက ပြောပါတယ်။

"ညနေဘက်ထပ်ကျလာတဲ့ နှစ်လုံးမှာ တစ်လုံးကွဲတယ်။ ရသာစုံဆိုင် အနောက်ဘက် လေးအိမ် မြောက်မှာကျတာ။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘဲ ပစ်ခတ်နေတာ။"

စစ်ကောင်စီတပ်က တာဟန်းအနောက်ရဲစခန်းနဲ့ အမြောက်တပ်က‌နေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ထိမှန်ဒဏ်ရာရထားတဲ့သူတွေကိုတော့ ဆေးရုံတင်ထားတယ်လို့ သိရပြီး ကလေး နှစ်ယောက်အနက် တယောက်ကတော့ အသက်အန္တရာယ်စိုးရိမ် ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စစ်ကောင်စီတပ်က ကလေးမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပြီး လက်နက်ကြီးတွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာပါ ကျရောက်ပေါက်ကွဲလေ့ ရှိပါတယ်။

နိုဝင်ဘာ ၂၁ ရက်ကလည်း မြို့နယ်မြောက်ပိုင်း ဆည်ကြီးရွာကို လက်နက်ကြီး ထိမှန်ခဲ့ပြီး  ၂၂ ရက်က တောင်ပိုင်း ဇင်းကလင်းရွာကိုလည်း လက်နက်ကြီးကျည်ကျရောက်ခဲ့လို့  အဘွားအို ၂ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013